Friday, January 11, 2013

အီရန်နိုင်ငံက လေယာဉ်အမျိုးအစားသုံးမျိုး ထုတ်လုပ်မည်

Ever November | 1/11/2013 09:52:00 AM | Best Blogger Tips

အီရန်နိုင်ငံသည် လာမည့် ၂ဝ၂၆ ခုနှစ်တွင် ၄င်း၏ ပြည်တွင်းဖြစ် ခရီးသည်တင် လေယာဉ် ပုံစံသုံးမျိုးကို ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း အီရန် လေယာဉ်ထုတ်လုပ်ရေး အရာရှိ တစ်ဦးက ပြောကြားခဲ့ကြောင်း ဇန်နဝါရီ ၉ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အီရန်နိုင်ငံ အနေဖြင့် ၄င်း၏ လေကြောင်းပို့ဆောင်ရေး လိုအပ်ချက်များ တိုးမြင့်လာမှုကို ဖြည့်ဆည်းပေးရန် ကြိုးပမ်းမှုအနေဖြင့် ခရီးသည် ၈ဝ၊ ၁ဝဝ နှင့် ၁၅ဝ ဦးအား တင်ဆောင်နိုင်သည့် လေယာဉ်များကို ပြည်တွင်း၌ တည်ဆောက် သွားမည်ဖြစ်ကြောင်း အီရန် လေယာဉ် ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင် ဟာမစ်ရီဇာဖာလီဗန်နီက ဇန်န၀ါရီ ၈ ရက်တွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။ လောလောဆယ်တွင် အီရန်နိုင်ငံသည် ခရီးသည် ၅၂ ဦးအား တင်ဆောင်နိုင်သည့် အင်န်တိုနော့ဗ် An-140 ခရီးသည်တင် လေယာဉ်ကို ထုတ်လုပ်လျက် ရှိရာတွင် ယူကရိန်း၊ ရုရှားတို့နှင့် ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ ၂ဝဝဝ ခုနှစ်တွင် ယူကရိန်းနိုင်ငံမှ An-140 လေယာဉ် ထုတ်လုပ်မှုလိုင်စင်ကို ဝယ်ယူခဲ့ပြီးနောက် အီရန်က ယင်းခရီးသည်တင် လေယာဉ်ကို ၂ဝဝ၃ ခုနှစ်တွင် ပထမဆုံး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1