Friday, January 18, 2013

ဂျရတ်ကို မိမိ၏ စံပြုစရာ အဖြစ် အတုယူကြောင်း ဝီလ်ရှိုင်းယား ဖွင့်ဟ

Ever November | 1/18/2013 05:22:00 PM | Best Blogger Tips

အာဆင်နယ် ကွင်းလယ် ကစားသမား ဂျက်ဝီလ်ရှိုင်းယားက မိမိသည် လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ကို စံပြအဖြစ် အတုယူကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
ဝီလ်ရှိုင်းယားသည် ဗုဒ္ဓဟူးနေ့က အာဆင်နယ် အသင်း FAဖလား ပွဲစဉ်အဖြစ် ဆွမ်ဆီးကို အနိုင်ယူရာတွင် အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို သွင်းယူပေးခဲ့သည်။ ၎င်းက လီဗာပူးလ်တွင် ဘဝတစ်လျှောက်လုံး မြှုပ်နှံ ဖြတ်သန်းခဲ့သည့် လက်ရှိ အင်္ဂလန် အသင်းခေါင်းဆောင် ဂျရတ်ကို စံထား နမူနာယူကာ မိမိကိုယ်ကိုယ် တည်ဆောက်လျှက် ရှိနေကြောင်း ဆိုသည်။ ၎င်းက "(၂၀၀၆)ခုနှစ်တုန်းက ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ပွဲမှာ ဂျရတ်ဟာ ကျွန်တော် သွင်းတဲ့ ဂိုးလို ခပ်ပြင်းပြင်း ကန်သွင်းခဲ့တယ်။ ပြီးတော့ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် အိုလံပီယာကော့စ်ဘက်ကိုလည်း သူအဲဒီလိုမျိုး သွင်းဖူးတယ်"ဟု ဆွမ်ဆီးဘက် မိမိသွင်းယူသော ဂိုးနှင့် ဂျရတ်သွင်းဖူးသော ဂိုးများကို နှိုင်းယှဉ်ခဲ့သည်။
ဝီလ်ရှိုင်းယားက "ဂျရတ်ဟာ တကယ့် အကောင်းစား ကစားသမား တစ်ယောက်ပါ။ ကျွန်တော်ကတော့ သူနဲ့ နည်းနည်း ကွဲပြားမှုလေးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ အဝေးပေး ဘောလုံးဖြန့်ပုံတွေက ကျွန်တော့်ထက် သာတယ်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ စံနမူနာ ယူစရာ ကစားသမား တစ်ယောက်ပါ။ လီဗာပူးလ်ရဲ့ နှလုံးခုန်သံအဖြစ် နှစ်ပေါင်းများစွာလည်း ရပ်တည်ပြခဲ့ပါတယ်။ အင်္ဂလန်မှာလည်း သူကစားတာ အရမ်းကောင်းပါတယ်။ ဒါကြောင့် ဂျရတ်ဟာ ကျွန်တော် နမူနာယူရတဲ့ ကစားသမားပါ။ သူ့အသင်းအတွက် သူတွန်းအားပေးနိုင်တဲ့ စွမ်းရည်မျိုး ရှိလာရင် ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

၎င်းက "ကျွန်တော် ကလေးဘဝ ကတည်းက အလေးထား စောင့်ကြည့်ခဲ့ရတဲ့ ကစားသမားတွေထဲမှာ ဂျရတ် အမြဲတမ်း ပါခဲ့တယ်လေ။ သူက အင်္ဂလန်အတွက်လည်း ပွဲ(၁၀၀)ပြည့်အောင် ကစားပေးပြီးပြီ။ တကယ်တော့ ငယ်ရွယ်တဲ့ ဘယ်လို ကွင်းလယ် ကစားသမားမဆို သူ့လိုမျိုး ဖြစ်လာအောင် ကြိုးစားဖို့ လိုပါတယ်"ဟုလည်း လက်ရွေးစင် အသင်းဖော် နောင်တော် ကစားသမားကြီးနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသွားသည်။  
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1