Monday, January 7, 2013

မန်ယူအတွက် တောက်လျှောက် ခြေစွမ်းပြနေသည့် ဗန်ပါစီကို ဖာဂူဆန် ချီးကျူး

Ever November | 1/07/2013 05:25:00 PM | Best Blogger Tips
မန်ယူတွင် ခြေစွမ်းပြနေသည့် ဗန်ပါစီ

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ယခုရာသီ စွန့်စားခန်းများတွင် အကြိမ်ကြိမ် လူစွမ်းကောင်း ဖြစ်နေခဲ့သည့် ရော်ဘင် ဗန်ပါစီအား အသင်းမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ချီးကျူးလိုက်သည်။
FAဖလား ပွဲစဉ်အဖြစ် ဝက်စ်ဟမ်း ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရာတွင် ရော်ဘင် ဗန်ပါစီသည် မိနစ်ပိုင်းမျှသာ လူစားဝင် ကစားခဲ့ပြီး (၂-၁)နှင့် အရေးနိမ့်နေသည့် မန်ယူကို ကယ်တင်နိုင်ခဲ့သည်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်ပိုင်းတွင် ရိုင်ယန်ဂစ်၏ အဝေးမှ ပေးပို့မှုကို ဗန်ပါစီက ပညာသားပါပါ အဆုံးသတ် ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းကန်ချက်သည် အိမ်ရှင် ဝက်စ်ဟမ်း ပရိသတ်များကို အံ့အားသင့် ငေးမောသွားစေခဲ့သည်။ ဖာဂူဆန်က အသင်းအတွက် အထူးတလည် အကျိုးပြုနေခြင်း အတွက် ဗန်ပါစီအား အထူးတလည် ချီးကျူးရမည်ဟု ပြောကြားခဲ့သည်။
ဖာဂူဆန်က "ဗန်ပါစီရဲ့ အသက်အရွယ်က ရင့်ကျက်တဲ့ အခြေအနေကို ရောက်နေပါပြီ။ သူဟာ အတွေ့အကြုံကောင်းတွေကို အသင်းအတွက် ယူဆောင်လာခဲ့ပါတယ်။ ရှေ့တန်းမှာ သူရဲ့ စွမ်းဆောင်ပုံကတော့ တကယ့်ကို အပျံစား အဆင့်မှာ ရှိနေပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကိုယ့်အသင်းက (၂-၁)နဲ့ ရှုံးနေပြီး မိနစ်နည်းနည်းလောက်ပဲ ကျန်တော့တဲ့ အချိန်မှာ ဘယ်သူမဆို စိတ်ပူကြမှာပါ။ ဒါပေမဲ့ ဗန်ပါစီမှာက ဂိုးသွင်းဖို့ အထုံကို ပါနေတာပါ။ ဂစ်ဆီက ပေးပို့မှုကို လက်ခံယူပြီးတာနဲ့ သူ့ရဲ့ အဆုံးသတ်လိုက်ပုံက တကယ့်ကို ကမ္ဘာ့အဆင့်ပါပဲ။ ကောင်းလွန်းပါတယ်"ဟုလည်း ချီးကျူးသွားခဲ့သည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1