Monday, January 7, 2013

ဆီးရီးယား FSA အဖွဲ့ ဓာတု လက်နက်များ ထုတ်လုပ် နိုင်ဟုဆို

Ever November | 1/07/2013 06:05:00 PM | Best Blogger Tips

လွတ်လပ်သော ဆီးရီးယား တပ်ဖွဲ့ (FSA)သည် ဓာတု လက်နက်များ ထုတ်လုပ်နိုင်သည့် အရည်အချင်းရှိ ကြောင်း အဆိုပါ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းအရ သိရသည်။
တူရကီ နိုင်ငံမှ Anatalia သတင်းအေဂျင်စီနှင့် ဇန်နဝါရီ ၂ ရက်က ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် FSA အဖွဲ့ မှ နိုင်ငံရေးဆိုင်ရာ အကြံပေးတစ်ဦးဖြစ်သူ ဘာဆမ်ဒါဒါက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် FSA အဖွဲ့သည် ဓာတု လက်နက် များကို သမ္မတ ဘာရှာအယ်လ် အာဆက်အစိုးရအား တိုက်ခိုက်ရာတွင် လိုအပ်ပါက အသုံး ပြု သွားမည် ဖြစ်ကြောင်း ဒါဒါက ပြောကြားခဲ့ သည်။

ဆီးရီးယား လွတ်မြောက်ရေး (FSA) အဖွဲ့သည် အဆိပ် ဖြစ်စေသော ဓာတု လက်နက်များနှင့် တိုက်ခိုက် ခဲ့သောကြောင့် ဆီးရီးယား တပ်ဖွဲ့ ဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း သမ္မတ လုံခြုံရေး တပ်ဖွဲ့မှ တပ်မှူး တစ်ဦးက ဒီဇင်ဘာ ၂၃ ရက် တွင် ပြောကြားခဲ့သည်။

ပြည်ပ အစိုးရများက ထောက်ခံထားသည့် အတိုက်အခံအဖွဲ့များသည် အစိုးရ တပ်ဖွဲ့များနှင့် အစိုးရ ထောက်ခံသူများကို ဓာတုလက်နက်များ အသုံးပြု၍ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထပ်တလဲလဲ ခြိမ်းခြောက် ခဲ့သည်ဟု သိရသည်။

ဆီးရီးယား နိုင်ငံတွင် ၂၁ လကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေ ၆ဝဝဝဝ ခန့် ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်မှ နေဗီပီလေးက ပြောကြားခဲ့သည်။
မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1