Saturday, January 19, 2013

ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးတွင်ဘတ်စ်ကားလိုင်း ကွန်ယက်အားခေတ်မီအောင် ပြုပြင်ခြင်းနှင့် မြေအောက်ဖြတ်လမ်းများ တည်ဆောက်ရေးအတွက် ဂျပန်အစိုးရမှ နည်းပညာ၊ ချေးငွေ၊ ကူညီ ထောက်ပံ့မှုများ ပေးမည်

Ever November | 1/19/2013 03:39:00 PM | Best Blogger Tips

ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးတွင် ခရီးသည်အများဆုံး အသုံးပြုနေရသော ဘတ်စ်ကားလိုင်းကွန်ယက်အား ခေတ် မီအောင် ပုပြင်ခင်းနှင့် မြေအောက်ဖြတ်လမ်းများ တည်ဆောက်ရေးအတွက် ဂျပန်အစိုးရမှ နည်းပညာအကူ အညီ၊ ချေးငွေနှင့် ကူညီထောက်ပံ့ငွေများ ပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သော မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းနှင့် ပတ်သက်သည့် အစည်းအဝေးမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင်း သွားလာနေကြသော ပြည်သူများ၏ ၈၅ ရာခိုင်နှုန်းခန့်မှာ ခရီးသည်တင် ယာဉ်လိုင်းများကို အများဆုံးစီးနင်း အသုံးပြုနေကြပြီး လက်ရှိအသုံးပြုနေသော ခရီးသည်တင်ယာဉ်လိုင်း များတွင် ခေတ်မမီတော့သည့် စစ်ကျန်ဘတ်စ်ကား အဟောင်းများ၊ ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားသော ဒိုင်နာ၊ ဟိုင်းလပ်ယာဉ်များကို မဖြစ်မနေ အသုံးပြုနေရသည်။

ထို့ကြောင့် ဂျပန်နိုင်ငံ အစိုးရအနေဖြင့် အဆိုပြုစီမံကိန်းတစ်ရပ်ဖြစ်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုနေသည့် ဘတ်စ်ကားကွန်ယက်အား ခေတ်မီအောင် နည်းပညာ ကူညီပေးသွားမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများအတွက် မြေအောက်ဖြတ်လမ်းများ တည်ဆောက် ရန် ချေးငွေ (သို့မဟုတ်) ကူညီထောက်ပံ့မှုများ ပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်၏ အနာဂတ်စီမံကိန်းတစ်ခုဖြစ်သည့် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲလျက်ရှိရာ မြို့ပြ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ချမှတ်သွားမည်ဖြစ်ပြီး ကာလတိုလုပ်ငန်းများအနေဖြင့် ခရီးသည်တင် ဘတ်စ်ကားလုပ်ငန်း အဆင့်မြှင့် တင်ခြင်း၊ ဘတ်စ်ကား အမြန်ပို့ဆောင်ရေးစနစ်များ ထူထောင်ခြင်း၊ လူနေထူထပ်သိပ်သည်းသည့် မြို့တွင်းဗဟိုစီးပွားရေးဇုန်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် တိုးမြှင့်ခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါအစည်း အဝေးတွင် ထုတ်ပြန်ချက်အရ သိရသည်။

အဆင့်မမီတော့သည့် ဘတ်စ်ကား လိုင်းများကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားနေရာ ရန်ကုန်တိုင်းဒေသကြီး သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက ခရီးသည်တင်ယာဉ်လိုင်း ယာဉ်တိုက်မှုပေါင်း ၃၁၈ မှုတွင် သေဆုံးသူပေါင်း ၆၀ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၈၂၃ ဦး ရှိခဲ့ကြောင်း၊ ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားသော ယာဉ်များမှာ စစ်ကျန်ဘတ်စ်၊ ဘီအမ်၊ ဒိုင်နာ၊ ဟိုင်းလပ်ယာဉ်များဖြစ်ကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် အဓိကလမ်းဆုံး နေရာများ အတွက် မြေအောက်ဖြတ်လမ်း များ ဆောက်လုပ်မှုမှာ အလျင်အမြန် ပြုလုပ်ရမည့် လုပ်ငန်းများဖြစ်ကြောင်း မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူစာစီမံကိန်း၏ ကြားဖြတ်အစီရင်ခံစာ (၂) တွင် ဖော်ပြထားပြီး ယာဉ်ကြောပိတ်ဆို့မှု သက်သာစေပြီး အချိန်တိုအတွင်း လျင်မြန်စွာသွားလာနိုင်သည့် ရထားပို့ဆောင်ရေးစနစ်ကိုလည်း ပိုမိုမြှင့်တင်ရန် လိုအပ်နေသည် ဟုလည်း ဖော်ပြထားပါသည်။

EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1