Saturday, January 19, 2013

၈၈ အဖွဲ့နဲ့ HRW အဖွဲ့ ရန်ကုန်မှာဆွေးနွေး

Ever November | 1/19/2013 04:06:00 PM | Best Blogger Tips
 ၈၈ အဖွဲ့နဲ့ HRW အဖွဲ့တို့ဆွေးနွေးနေကြစဉ်၊ ဓာတ်ပုံ- ၈၈ မျိုးဆက်

၈၈ မျိုးဆက်ကျောင်းသားများနဲ့ မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော ဝါရှင်တန်အခြေစိုက် Human Rights Watch - HRW အဖွဲ့တို့ဟာ ယနေ့ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက တွင် ရန်ကုန်မြို့၊Traders Hotel ၌ တွေ့ဆုံခဲ့ကြပါတယ်။ 
ထိုသို့တွေ့ဆုံရာတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအဖွဲ့မှ ဦးကိုကိုကြီး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီနှင့် ကိုဗသက်အောင်တို့ တက်ရောက်ခဲ့ကြပြီး HRW အဖွဲ့မှ Associate Director ဖြစ်သူ Stephen Steim ဦးဆောင်သော အဖွဲ့ဝင် (၉) ဦးတို့ဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လွတ်လပ်ပွင့်လင်းစွာ အမြင်ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အစရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ယမန်နေ့ ဇန်န၀ါရီလ ၁၈ ရက် 
နေ့ ညပိုင်းက ၅ ရက်တာ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်က မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာကြတာ လည်း ဖြစ်ပါတယ်။ 
irrawaddy blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1