Saturday, January 19, 2013

အရှေ့တရုတ်ပင်လယ်တွင် တောင်ကိုရီးယားငါးဖမ်းသင်္ဘော မီးလောင်နစ်မြုပ်

Ever November | 1/19/2013 03:37:00 PM | Best Blogger Tips

အရှေ့တရုတ် ပင်လယ်တွင် ဇန်နဝါရီ ၁၈ ရက်က တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတစ်စင်း မီးလောင်ကာ နစ်မြုပ်သွားကြောင်း၊ သင်္ဘောသား သုံးဦးသေဆုံးကာ ငါးဦး ပျောက်ဆုံးလျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။ အဆိုပါ သင်္ဘောသည် ၂၉ တန် အလေးချိန်ရှိကြောင်း၊ တောင်ကိုရီးယား နိုင်ငံတောင်ပိုင်းရှိ ဂျေဂျူကျွန်းမှ ဇန်နဝါရီ ၂ ရက်က ခုတ်မောင်းလာပြီး မီးလောင်မနစ်မြုပ်ခင် အချိန်အထိ တရုတ်နိုင်ငံ ယူကျိုးမြို့မှ ၂၄၈ ကီလိုမီတာ ကွာဝေးသော ရေပြင်တွင် ရှိခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းချိန်မှာ နံနက်စောစော ၃ နာရီ မိနစ် ၄ဝ ခန့်က ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ သင်္ဘောပေါ်တွင် တရုတ်လူမျိုးနှစ်ဦး အပါအဝင် သင်္ဘောသား ကိုးဦး စီးနင်းလိုက်ပါလာပြီး တစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ကြောင်း၊ သုံးဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးနေသည်ဟု အတည်ပြုထားကြောင်း သတင်း၌ပါရှိသည်။ ယင်းနေရာသို့ ပျောက်ဆုံးနေသူ ငါးဦးအား ရှာဖွေရန် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ရဟတ်ယာဉ်တစ်စင်းနှင့် လှေသုံးစင်း ပို့လွှတ်ကြောင်း၊ အနီးအနားရှိ ငါးဖမ်းသင်္ဘောများအား တရုတ်နှင့် ဂျပန်အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းတွင် ကူညီပေးရန် ပြောကြားထားကြောင်း သတင်းတွင် ဖော်ပြသည်။ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ရေစီးအလွန်သန်နေသဖြင့် လုပ်ဆောင်ရန် အခက်အခဲ၊ အနှောင့်အယှက်များနှင့် ကြုံတွေ့ရသည်ဟု တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1