Thursday, January 24, 2013

သံတွဲကားမှာ ဘရိတ်ပေါက်၍ ချောက်ထဲကျသွားခြင်းဖြစ်ဟု သိရ

Ever November | 1/24/2013 04:19:00 PM | Best Blogger Tips

ဇန်န၀ါရီ ၂၃ ရက် ၊နံနက် (၂) နာရီခွဲခန့်က ရန်ကုန် - တောင်ကုတ်သံတွဲ သို့ပြေးဆွဲနေသည့်  ခရီးသည်တင် အောင်သစ္စာကား တိမ်းမှောက်မှုမှာ  ကားဘရိတ် ပေါက်သဖြင့် ချောက်ထဲသို့ ကျသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
 
အောင်သစ္စာ ခရီးသည်တင်ကားမှာ ယမန့်နေ့ညတွင် ရန်ကုန်မှ ထွက်လာခြင်းဖြစ်ပြီး တောင်ကုတ်လမ်း ရခိုင်ရိုးမနေပူတောင်အရောက်၌  ပေ (၁၂၀) အနက်ရှိ ချောက်ထဲသို့ ကျသွားဖြစ်သည်ဟု သိရသည်။
 
ကျွန်တော်တို့ကြားတာက လမ်းအကွေ့မှာဖြစ်တာလိုလဲကြားတယ် အတိကျတော့ ပြောလို့မရဘူးပေါ့ သေတဲ့စာရင်းကတော့ အဲဒီအတိုင်းဘဲ ဆေးရုံမှာ တစ်ယောက်သေတယ်၊ ချောက်ထဲမှာ (၁၄) ယောက်သေတယ်’’ဟု တောင်ကုတ်ဆေးရုံရောက်နေ သည့် ဒေသခံတစ်ဦးက ပြောသည်။
 
 အဆိုပါနေရာသို့သွားကြည့်ခဲ့သည့်ဒေသခံတစ်ဦးကလည်း “ကားကျသွားတဲ့ချောက်ကိုကြည့်လိုက်ရင် ရင်လေးစရာဘဲ၊ အရင်ကလည်း ရခိုင်ရိုးမ လမ်းက  နှစ်စဉ်ကား တိမ်းမှောက်မှုတွေဖြစ်တယ်’’  ဟု ဆိုသည်။
 
ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အရ ကျား (၇) ဦး၊ မ (၆) ဦး၊ ကလေး (၁) ဦး သေဆုံးပြီး သံဃာ (၃) ပါး၊ ကျား (၂၆) ဦး၊ မ (၄) ဦး စုစုပေါင်း (၃၃) ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
 
ရခိုင်ပြည်နယ်မှ ပြည်မဘက်သို့ ဆက်သွယ်ထားသည့် လမ်းများမှာ တောင်ကုတ်- ပြည်လမ်း၊ အမ်း-မင်းဘူးလမ်း၊ ငသိုင်းချောင်းလမ်းတို့ဖြစ်ကြရာ  တောင်ကုတ် ပြည်လမ်းထက် စစ်တွေ- အမ်း- မင်းဘူး လမ်းမှာ အဆိုးဆုံး  ဖြစ်သည်။
 
ပြည်မနှင့်ဆက်သွယ်သည့် လမ်းတို့မှာ တောင်ပေါ်လမ်းဖြစ်သည့်အတွက် ကားတိမ်းမှောက်မှုများလည်း မကြာမခဏ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။
မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1