Thursday, January 24, 2013

"ပထမဆုံး Firefox OS သုံးထားသော စမတ်ဖုန်းများ ထွက်ရှိလာတော့မည်"

Ever November | 1/24/2013 04:49:00 PM | Best Blogger Tips
HTML-5 ကိုအခြေပြု၍ ရေးဆွဲထားသော Firefox OS အသုံး ပြု ထားသော စမတ်ဖုန်းများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ထိုဖုန်းများ ကတော့ GeekPhone ရဲ့ Keon ဆိုသော ဖုန်းနဲ့  Peak ဆိုသော ဖုန်း ၂လုံးပဲ ဖြစ်ပါတယ်။

အဖြူရောင်ဖုန်းလေးကတော့ GeekPhone Peak ဖြစ်ပြီး ဖုန်း ၂လုံးထဲတွင်တော့ ပိုမို၍ကောင်းမွန်သော ဖုန်းဖြစ်ပါတယ်။ Peak တွင် 1.2GHz Dual-Core Snapdragon S4 Chipset၊ 512MB RAM နှင့် 4GB Internal Storage တို့ ပါဝင်ပါတယ်။ Display အနေနဲ့ ကတော့ ၄.၃လက်မအရွယ် qHD IPS Display ကိုအသုံးပြုထားပြီး LED Flash ပါဝင်သော 8MP ကင်မရာ၊ အရှေ့ကင်မရာအနေနဲ့ ကတော့ 2MP ကင်မရာတို့  ပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ ကတော့ 1800 mAh ဘက်ထရီကို အသုံးပြုထားပြီး Micro SD Card Slot လည်းပါဝင်မည် ဖြစ်သလို ပုံမှန်အတိုင်း Bluetooth၊ Wifi တို့ လည်း ပါဝင်မည် ဖြစ်ကြောင်း သိရပါတယ်။

လိမ္မော်ရောင်ဖုန်းလေးကတော့ GeekPhone Keon ဖြစ်ပြီး Firefox ရဲ့အမှတ်အသား အရောင်ဖြစ်တဲ့ လိမ္မော်ရောင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Keon တွင် 1GHz Snapdragon S1 CPU၊ 512MB RAM နှင့် 3.5” HVGA Display တို့ ပါဝင်မည် ဖြစ်ပါတယ်။ Internal Storage အနေနဲ့ ကတော့ 4GB ပါဝင်ပြီး ကင်မရာအနေနဲ့ ကတော့ 3MP ဖြစ်ကြောင်းသိရပါတယ်။ Flash မပါဝင်သလို အရှေ့ ကင်မရာ လည်း မပါဝင်ကြောင်း သိရပါတယ်။ ဘက်ထရီအနေနဲ့ ကတော့ 1580 mAh ဘက်ထရီကို အသုံးပြုထား တာ ဖြစ်တယ်လို့  သိရပါတယ်။

GeekPhone မှပြောကြားချက်အရ ယခု Firefox OS Developer စမတ်ဖုန်းများကို နောက်လမှ စတင် ၍ ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကိုတော့ ပြောကြားသွားခြင်း မရှိသေးပါဘူး။

Source : GSMArena

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1