Thursday, January 24, 2013

ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့နှုန်း တိုးတက်မြင့်မားနေဆဲဖြစ်

Ever November | 1/24/2013 04:36:00 PM | Best Blogger Tips

ကမ္ဘာတစ်ဝန်းတွင် အလုပ်လက်မဲ့နှုန်းသည် ၂ဝ၁၂ ခုနှစ်တွင် လူဦးရေ လေးသန်းအထိ တိုးမြင့်လာရာ စုစုပေါင်း အလုပ်လက်မဲ့ ၁၉၇ သန်းရှိလာကြောင်း၊ အနာဂတ်ကာလတွင်လည်း ဆက်လက် တိုးမြင့်လာဖွယ်ရှိကြောင်း ကုလသမဂ္ဂ အလုပ်သမား အေဂျင်စီက ဇန်နဝါရီ ၂၂ ရက်၌ သတိပေးချက် ထုတ်ပြန်လိုက်သည်။ ကမ္ဘာ ပေါ်တွင် အလုပ်လက်မဲ့များ ဖြစ်ပွားမှုတွှု အသက် ၂၄ နှစ်အောက် လူငယ်လူရွယ်များမှာ ၁၃ ရာခိုင်နှုန်းခန့် ရှိလာရာ လူငယ်များအတွက် ဆိုးရွားသော အနာဂတ်ကို ဖြစ်ပေါ်စေကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့က မကြာမီက ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြထားသည်။ ယခု ၂၀၁၃ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အလုပ်လက်မဲ့နှုန်း ၅ ဒသမ ၁ သန်းအထိ တိုးမြင့်လာဖွယ်ရှိပြီး ၂ဝ၁၄ ခုနှစ်တွင် နောက်ထပ် အလုပ်လုပ်မဲ့ဦးရေ သုံးသန်းအထိ တိုးမြင့်လာဖွယ်ရှိကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာ၌ ဖြော်ပထားသည်။ သို့သော် ကမ္ဘာ့စီးပွားရေး ကောင်းမွန်တိုးတက်လာချိန်တွင် အလုပ်လက်မဲ့ ပြဿနာများ လျော့ကျ သွားမည်ဖြစ်သည်။ လောလောဆယ်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း အလုပ်လက်မဲ့နှုန်း မြင့်တက်လျက်ရှိသည်။ ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့နှုန်းမှာ ဥရောပတွင်လည်း မြင့်တက်နေမည်ဖြစ်သည်။ ကမ္ဘာ့အလုပ်သမား ဈေးကွက်မှ အလုပ်သမား ၃၉ သန်းခန့်မှာ အလုပ်သမား လျှော့ချခြင်းများနှင့် ကြုံတွေ့နေရသည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1