Sunday, January 20, 2013

ကာမိုင်းရဲစခန်းကို ကေအိုင်အေတပ်ရင်း ၆ က ၀င်ရောက်စီးနင်း

Ever November | 1/20/2013 03:22:00 PM | Best Blogger Tips
ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ဇန်န၀ါရီလ ၁၉ရက် ဒီကနေ့ မနက်ပိုင်းက ၀င်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တာဟာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ ကေအိုင်အေတပ်ရင်း ၆ က ဖြစ်တယ်လို့ အဲဒီတပ်ရင်း ၆ရဲ့တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA ကို အတည်ပြုပြောပါတယ်။
ဒီအဖြစ်အပျက်မှာ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းတစ်ခုလုံး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရဲဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးက အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကာမိုင်းရဲစခန်းက ရဲဝန်ထမ်းတစ်ဦး က RFA ကို ပြောပါတယ်။
ကေအိုင်အေ တပ်အင်အား ၉၀လောက်ပါတဲ့အဖွဲ့ဟာ ဒီကနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကာမိုင်းမြို့နယ် လျှပ်စစ်ဝန်ထမ်းနှစ်ဦးကိုလည်း ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီ ၀န်ထမ်းနှစ်ဦးနဲ့ ပတ်သက်ပြီး RFA ကအခုထိအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ရက်နေ့တုန်းကလည်း ကေအိုင်အေ က ကာမိုင်းရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် ရဲဝန်ထမ်းနဲ့ မိသားစုတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1