Saturday, January 26, 2013

နယူးဇီလန်၌ ကျွန်းဖြူမီးတောင် လှုပ်ရှားနေ၊ လိမ္မော်ရောင်သတိပေးချက် ထုတ်ပြန်ထား

Ever November | 1/26/2013 09:14:00 AM | Best Blogger Tips

နယူးဇီလန်နိုင်ငံမှ ကျွန်းဖြူမီးတောင်သည် လှုပ်ရှားမှုရှိနေသဖြင့် သတိပေးမှုအဆင့် တိုးမြှင့်ထားရကြောင်း နယူးဇီလန်နိုင်ငံမှ မီးတောင်ကျွမ်းကျင်သူများက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ နယူးဇီလန်နိုင်ငံ၏ ဘူမိဗေဒနှင့် နျူကလီးယား ပညာဆိုင်ရာသိပ္ပံမှ သတိပေးချက် ထုတ်ပြန်ရာ၌ လာမည့် နာရီ ၂ဝ မှ နာရီပေါင်း ၃ဝ ခန့်အကြာတွင် ထူးခြားသော ဘူမိလှုပ်ရှားမှု တစ်ရပ်ဖြစ်ပေါ်နိုင်ကြောင်း၊ ယင်းနေရာမှာ နယူးဇီလန်နိုင်ငံ မြောက်ကျွန်း အရှေ့ဘက်ကမ်းလွန်ရှိ ကျွန်းဖြူတွင်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျွန်းဖြူမီးတောင် လှုပ်ရှားမှုအနေအထားမှာ တဖြည်းဖြည်း တိုးမြင့်လာလျက်ရှိကြောင်း လောလောဆယ်တွင် အဝါရောင်အဆင့်မှ လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲ သတိပေးထားကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း သတိပေးချက်၌ ဖော်ပြထားသည်။ ကျွန်းဖြူမီးတောင်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက မီးခိုးနှင့်ပြာမှုန်များ ထွက်ရှိနေခဲ့ခြင်းဖြစ်ပြီး လှုပ်ရှားမှုများ စတင်ဖြစ်ပေါ် နေခြင်းဖြစ်သည်။ ကျွန်းဖြူမီးတောင်သည် ဇန်နဝါရီ ၁၄ ရက်မှ စတင်ကာ လှုပ်ရှားမှု ထူးခြားလာခြင်းဖြစ်သည်။ ကျွန်းဖြူမီးတောင်သည် ၂ဝဝ၁ခုနှစ်က ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မီးခိုးနှင့်ပြာမှုန်များ ဝေဟင်ထက် မီတာ ၃ဝဝ ခန့်အထိ လွင့်ပျံ့ခဲ့ကြောင်း သတင်း၌ ဖော်ပြသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1