Monday, January 7, 2013

မြန်မာ့လေကြောင်းအတွက် နောက်ထပ် လေယာဉ်တစီး ရောက်လာ

Ever November | 1/07/2013 05:41:00 PM | Best Blogger Tips
မြန်မာနိုင်ငံကိုအခုတလောဆက်တိုက်ဆိုသလိုဘဲ လေ ယာဉ်တွေ ရောက် လာနေပါတယ်။ ပုဂ္ဂလိ က လေကြောင်း လိုင်းတွေ အတွက် ရောက်လာသလိုမြန်မာ့လေကြောင်း လိုင်းအတွက် လည်း ရောက် လာနေပါတယ်။
အခုနောက်ဆုံးရောက်လာတာကတော့ မြန်မာ့လေကြောင်းမှာ အသုံးပြု ဖို့ အမေရိကန် နိုင်ငံ GE Capital Aviation Services (GECAS) က ငှားရမ်းထားတဲ့ ဘရာဇီးလ်နိုင်ငံလုပ် Embraer 190-AF လေယာဉ် XY-AGP ဒုတိယအစင်းအနေနဲ့ ယမန်နေ့က ထပ်ရောက်လာတယ်လို့ မြန်မာ့ အလင်းသတင်းစာမှာဖော်ပြ ထားပါ တယ်။

တလောက အဲပုဂံလေယာဉ်ပျက်ကျပြီး မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေအပေါ်ယုံကြည်မှု တစုံ တရာ လျော့ပါးသွားပေမယ့် ကြီးမားတဲ့ ထိခိုက်မှုမရှိနိုင်ဘူးလို့ သုံးသပ်နေသူတွေလည်း ရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားခရီးသွားနဲ့ ပြည်တွင်း ခရီးသွားတွေအတွက် လိုအပ်နေတဲ့အရာတွေထဲမှာ ဟော်တယ် အခန်းတွေအပြင် လေယာဉ်တွေလည်း ပါဝင်တာကြောင့် အခုလိုမှာယူငှားရမ်းတင်သွင်းနေတာဖြစ် တယ်လို့သုံးသပ်သူတွေက ဆိုပါတယ်။ 
Hot News 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1