Saturday, January 12, 2013

ကိုရီးယား နိုင်ငံသားတစ်ဦး ၎င်းငှားရမ်း နေထိုင်နေသည့် အခန်းအတွင်း သေဆုံးမှု ဖြစ်ပွား

Ever November | 1/12/2013 03:27:00 PM | Best Blogger Tips
ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်၊ ရေတာရှည်လမ်းသစ်၊ တိုက် အမှတ် (၅၁)၊ အခန်းအမှတ် 2/C တွင် ငှားရမ်း နေထိုင်နေသော ကိုရီး ယား နိုင်ငံသားတစ်ဦးသည် ဇန်န၀ါရီလ ၁၁ ရက်နေ့က ယင်းအခန်းအတွင်း ကြိုး ဆွဲချ အနေအထားဖြင့် သေဆုံးနေသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါ ကိုရီးယား နိုင်ငံသား လုပ်ကိုင်နေသော ကုမ္ပဏီမှဝန်ထမ်း တစ်ဦးသည် ယင်းတိုက်ခန်းသို့ အဆိုပါ ည ၇ နာရီကျော်ခန့်က လာရောက်ခဲ့ရာ တွင် အခန်းတွင်း၌ ယင်းကဲ့သို့ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသောကြောင့် သက်
ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိုရီးယား နိုင်ငံသား၏ အမည်မှာ Lee Seungeon ဟု သိရပြီး ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီ လတွင် မွေးဖွားခဲ့သူ တစ်ဦးဖြစ်ကြောင်း ၎င်းကိုင်ဆောင်ထားသော ပတ်စ်ပို့မှ အချက်အလက်များ အရ သိရသည်။ ယင်းတိုက်ခန်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင် ငှားရမ်း နေ ထိုင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခန်းတွင် ၎င်းနေထိုင်သည် ဆိုခြင်းကိုမသိရှိရဘဲ ဧည့်စာရင်းလည်းတိုင်ကြားထားခြင်း မ ရှိကြောင်း၊ ပြောကြားချက်များအရ ယင်းကိုရီးယားလူမျိုးမှာ အခင်းမဖြစ်မီတစ်ရက်အလိုကမှ ကိုရီး ယား နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ကိုရီးယားနှင့် မြန်မာနိုင်ငံသို့သွား လိုက် ပြန်လိုက် လုပ်နေသည်ဟုသိရကြောင်း အဆိုပါရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးလှအောင်က ပြော သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးလှအောင်က “သူက နံရံမှာအိမ်ရိုက်သံ တစ်ချောင်းရိုက်ထားပြီး အဲဒီမှာ ပိုး ကြိုးလေး ချည်ပြီးတော့ ခါးပတ်နဲ့ချိတ်ပြီး မတ်တပ်အနေအထားနဲ့ နံရံဘက်ကို မျက်နှာမူပြီး သေနေတာ။ အဲဒါနဲ့ မှုခင်းဆရာဝန်ကြီးနဲ့ တရားသူကြီးတွေကို ခေါ်ပြီး သူတို့ သေချာကြည့်ပြီးတော့မှ ကြိုးဖြုတ် ပြီး ဆေး ရုံပို့ လိုက်တယ်။ သူနေတာ ကျွန်တော် မသိဘူး။ ဒီညမှ သိတာ” ဟု ရှင်းပြခဲ့သည်။
ဖြစ်စဉ်အပေါ် ဗဟန်းရဲစခန်းမှရဲမှူးအား မေးမြန်းခဲ့ရာတွင် ခွင့်ပြုချက်တောင်းပြီးမှသာ ဖြေဆိုခွင့်ရမည် ဖြစ် သဖြင့် ပြန်လည် ဖြေကြားခြင်း မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။
EMG
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1