Sunday, January 20, 2013

ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည် လုံးတွင် တာဝန်ရှိ သည်ဟု ဒေါ်စုပြောကြား

Ever November | 1/20/2013 03:57:00 PM | Best Blogger Tips
ပြည်တွင်းငြိမ်းချမ်းရေး မတည်ငြိမ်မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန် ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပဲခူးခရီးစဉ်တွင် ပြောကြားသည်။ ၎င်း၏ ပဲခူးခရီးစဉ်တွင် ပါဝင်သော ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ဒေသခံ တို့အားပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးသည့် အချက် များတွင် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့စည်းတစ်ခုနှင့် တစ်ခုတို့ နားလည်မှုမရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း ပြောကြား သည်။

"ငြိမ်းချမ်းရေးဆိုတာ အလိုလို ဖြစ်လာတာမဟုတ်ပါဘူး။ ကြိုးစားပြီးလုပ်ယူရမယ့်ကိစ္စပါ။ ဒီလို မကြိုးစားနိုင်လို့ရှိရင် ငြိမ်းချမ်းရေးမရှိခြင်းရဲ့ အနိဌာရုံတွေကိုကျွန်မတို့ခံစားရမှာဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ငြိမ်းချမ်းရေး ဆိုသည်မှာ ပူပင်စိုးရိမ်ကြောင့်ကြမှု ကင်းခြင်းအား ဆိုလိုခြင်းဖြစ်ပြီး ၎င်းအနေဖြင့်"ကိုယ့်ရဲ့ ပက်ဝန်းကျင်က မငြိမ်းချမ်းရင် ကိုယ့်ရဲ့ ပက်ဝန်းကျင်က မလုံခြုံရင် ဘယ်သူကငြိမ်းချမ်းမှာလဲ၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် တစ်ယောက်ခြင်း တစ်ယောက်ခြင်းမှာ ကြိုးစားဖို့လိုတယ်" ဟုဆိုသည်။ ငြိမ်းချမ်းရေးရရန်အတွက် မည်သူ့တွင်တာဝန်ရှိသည်ဟု လက်ညိုးထိုး နေမည့်အစားမိမိတို့ ကိုယ်ကိုမိမိတို့ လက်ညိုးထိုး၍ မိမိသည်လည်း တာဝန်ရှိသည်ဟု ခံယူချက်များထားရှိရမည်ဖြစ်ကြောင်း သိရသည်။

"အများစုက ကိုယ့်ကိုကိုယ် ဘယ်တော့မှ လက်ညိုးမထိုးဘူး၊ ဟိုဘက်က လူတွေကိုဘဲ လက်ညိုးထိုးတာ။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒါပေမယ့် ကျွန်မတို့က ဒီဟာတွေကိုပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကို ရမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခုလက်ရှိတွင်မုန်းမြို့ရှိ ဒေသခံများတွင် ပြည်တွင်းငြိမ်းချမ်းရေး မရခြင်းကို အကြောင်းပြု၍ မြေမြုပ် မိုင်းများ၏ နှိပ်ဆက်မှုများကြောင့် ပြည်သူများတွင် မသန်စွမ်းဘဝအထိထိခိုက်ခဲ့မှုများရှိခဲ့ကြောင်း ထပ်မံသိရသည်။
The Myanma Age

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1