Monday, January 7, 2013

ဘားကမ့်ရန်ကုန်ကို ဇန်န၀ါရီလ ၁၉ ရက်နေ့၌ စတင်ကျင်းပမည်

Ever November | 1/07/2013 06:23:00 PM | Best Blogger Tips

စတုတ္ထအကြိမ်မြောက်အဖြစ် ရန်ကုန်ဘားကမ့်ကို ယခုလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့၌ လှိုင်တက္ကသိုလ်နယ်မြေရှိ Myanmar ICT Park တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဘားကမ့်၌ Barcamp Museum ဟူသော အစီအစဉ်သစ်ကို ထူးခြားစွာ ထည့်သွင်းထားရှိကြောင်း၊ အဆိုပါ အစီအစဉ်၌ ယခင်ကျင်းပခဲ့သည့် ဘားကမ့်သမိုင်းကြောင်းများနှင့် နယ်မြေဒေသလိုက် ဘားကမ့် ကျင်းပပြုလုပ်လိုသူများအတွက် ဘားကမ့်ပွဲတော် ကျင်းပပုံကျင်းပနည်းများကို မျှဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘားကမ့်ပွဲအတွက် အခန်းပေါင်း ၁၂ ခန်း စီစဉ်ထားပြီး ခေါင်းစဉ်ပေါင်း ၁၅၀ နှင့်အထက် ဆွေးနွေးနိုင်ကြမည်ဟု ခန့်မှန်းထားကြောင်း တက်ရောက်သူဦးရေမှာလည်း ၅ ထောင်နှင့်အထက် တက်ရောက်ကြမည်ဟု မျှော်မှန်းထားကြောင်း ဘားကမ့်စီစဉ်သူတို့ကဆိုသည်။ နယ်ပယ်အသီးသီးအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် အကြောင်းအရာမျိုးစုံတို့ကို ယခုကျင်းပမည့် ဘားကမ့်ပွဲ၌ ကိုယ်တိုင်လာရောက် ဆွေးနွေးဖလှယ်မှု ပြုလုပ်နိုင်သည့်အပြင် တက်ရောက်ဆွေးနွေးသူများနှင့်လည်း မိမိ၏အမြင်များကို လာရောက်ဖလှယ်မှု ပြုလုပ်နိုင်သည်ဟု သိရှိရသည်။ ဘားကမ့်တက်ရောက်ရန်အအတွက် အွန်လိုင်းမှတစ်ဆင့် Register ပြုလုပ်ရန် လိုအပ်ကြောင်း၊ အဆိုပါကဲ့သို့ Register ပြုလုပ်ထားသူများအတွက် ရိုးရာလွယ်အိတ်များ၊ တီရှပ်များနှင့် အခြားသော အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ Register ပြုလုပ်ရန် http://barcampyangon2013.doattend.com ကိုဖွင့်လှစ်ထားရှိပြီး Register ကို ဇန်န၀ါရီလ ၇ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဘားကမ့်အတွက် Volunteer လုပ်ကိုင် ပေးလိုသူများအနေဖြင့်လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်ဟု စီစဉ်သူတို့ကဆိုသည်။ ရန်ကုန်မြို့၌ နှစ်စဉ်ကျင်းပခဲ့သည့် ဘားကမ့်ပွဲများသည် အမြဲအောင်မြင်မှု ရရှိခဲ့သည့် ဘားကမ့်ပွဲများဖြစ်ကြောင်း  မှတ်တမ်းများကဖော်ပြသည်။ ရန်ကုန်ဘားကမ့်သည် အောင်မြင်မှုအများအပြား ရရှိခဲ့သည့်အတွက် ၂၀၁၂ ခုနှစ်အတွင်း တစ်ကျော့ပြန် ဘားကမ့်ပွဲတစ်ခုကိုပင် ကျင်းပပေးခဲ့ကြသည် ဟုသိရသည်။ အလားတူနယ်ဒေသရှိ မြို့ကြီးများ၌ ဘားကမ့်ပွဲများကို နှစ်စဉ်နှစ်တိုင်း လိုက်လံကျင်းပလာခဲ့ကြသည်ဟု သိရှိရသည်။
ရေးသားသူ -မြင့်ကျော်လှိုင်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1