Saturday, January 26, 2013

သတင်းထောက်လောင်းများနဲ့အင်တာဗျူး

Ever November | 1/26/2013 09:50:00 AM | Best Blogger Tips

သတင်းစာတိုက်ပိုင်ရှင် သူဌေးဟာ နားရွက်နှစ်ဘက်လုံး မရှိဘူး။
တနေ့တော့ သူ့သတင်းစာတိုက်အတွက် သတင်းထောက်အသစ်တွေခေါ်ပြီး အင်တာဗျူးနေတယ်။

ပထမတယောက် အခန်းထဲဝင်လာတယ်..သူဌေးက မေးတယ်...
"ဒီသတင်းထောက်အလုပ်ဆိုတာ ဘယ်အရာကိုမဆို အသေးစိပ် ကြည့်တတ်မြင်တတ်ရတယ်၊ ကဲ ပြောပါအုံး ငါနဲ့ပတ်သက်ပြီး ဘာကိုသတိထားမိလဲဆိုတာ.."
"လူကြီးမင်းမှာ နားရွက်တွေ မရှိဘူး"
"ဘာ..ခု အခန်းထဲက ထွက်သွားစမ်း..."

 ဒုတိယတယောက် အခန်းထဲဝင်လာတယ်..သူဌေးက မေးတယ်...
"ဒီသတင်းထောက်အလုပ်ဆိုတာ ဘယ်အရာကိုမဆို အသေးစိပ်ကြည့်တတ်မြင်တတ်ရတယ်၊ ကဲ ပြောပါအုံး ငါနဲ့ပတ်သက်ပြီး ဘာကိုသတိထားမိလဲဆိုတာ.."
"ခင်ဗျားမှာ နားရွက်တွေ မရှိဘူး"
"ဘာ..ခု အခန်းထဲက ထွက်သွားစမ်း..."

ဒုတိယလူ အပြင်ရောက်တော့  အထဲဝင်ဖို့ပြင်နေတဲ့ တတိယလူကို သတိပေးလိုက်တယ်...
"သူဌေးမှာ နားရွက်တွေ မရှိဘူး၊ ဒါပေမဲ့ အဲ့ဒါကိုပြောရင် ဆတ်ဆတ်ထိ မခံဘူးနော်... သတိထားပြော"

 တတိယတယောက် အခန်းထဲဝင်လာတယ်..သူဌေးက မေးတယ်...
"ဒီသတင်းထောက်အလုပ်ဆိုတာ ဘယ်အရာကိုမဆို အသေးစိပ်ကြည့်တတ်မြင်တတ်ရတယ်၊ ကဲ ပြောပါအုံး ငါနဲ့ပတ်သက်ပြီး ဘာကိုသတိထားမိလဲဆိုတာ.."
"ခင်ဗျား မျက်ကပ်မှန် တပ်ထားတယ်"
"ဟေ...တယ်ဟုတ်ပါလား၊ မင်း ဘယ်လိုလုပ်သိတာလဲ..."
"သိတာပေါ့ဗျ... မျက်မှန်တပ်ရအောင် ခင်ဗျားမှာ ဘာ သောက်နားရွက်များ ရှိနေလို့လဲ...... ကဲ" 

သန်၎ကို ~ 
(နိုင်ငံခြားဟာသတခုကို မြန်မာမှုပြုထားတာပါ)
irrawaddy blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1