Sunday, January 20, 2013

ပိန်ချင်သူများ အစာလျော့စားရန်မလိုပေ

Ever November | 1/20/2013 03:56:00 PM | Best Blogger Tips

ယခုအခါ တီထွင်သူများက အစားလည်း မလျော့လိုသူ၊ ပိန်လည်း ပိန်လိုသူများအတွက် နည်းလမ်းတစ် ခုကို တီထွင်ခဲ့ကြလေသည်။ယင်းပစ္စည်းမှာ Aspire Assist ဟု ခေါ်ပြီး ၎င်းကစားသမျှအစာထဲမှကယ် လိုရီသုံးပုံတစ်ပုံခန့်ကို အစာအိမ်ထံမှစုပ်ထုတ်ပေး၍ ပိန်စေရန် ကူညီပေး သည်။

အစာစားပြီးနောက်မိနစ်နှစ်ဆယ်အကြာတွင်အစာအိမ်ထဲမှ အစာ ၃၀ ရာခိုင်နှုန်းခန့်အား အရေပြားအောက် တွင်မြုပ်နှံထားသော လမ်းကြောင်းလေးမှတစ်ဆင့်အိမ်သာထဲသို့ စွန့်ထုတ်ပစ်လေသည်။

ယင်းပစ္စည်းအားအစာ အိမ်နှင့်အူလမ်းကြောင်းပညာရှင် Dr. Samklein, Dr. Moshe Shike နှင့် ဓာတ်မှန် ပညာရှင် Dr. Stephen Solmon တို့က ပူးပေါင်းတီထွင်ခဲ့ကြသည်။

သိပံ္ပပညာရှင်များကယင်း Aspire Assist ကို အသုံးပြု၍ကုသသည့် ကုထုံးကိုစုပ် ထုတ်သည့်ကုထုံး (Aspire Therapy) ဟုခေါ်ခဲ့ကြသည်။

Aspire Therapy တွင် လူနာများကအစာအိမ်ထဲသို့ A-Tube ဟုခေါ်သည့်ပြွန်အား (endoscope)အစာ အိမ်နှင့်အူလမ်းကြောင်း ကြည့်မှန်ပြောင်းကိုအသုံးပြု၍ ထည့်ပြီးနောက်ယင်းပြွန်မှာ အရေပြားပေါ် ရှိနောက်ထပ်ပြွန် တစ်ခုနှင့်ဆက်စပ်ထားလေသည်။

အရေပြားပေါ်ရှိ ပြွန်ထဲ၌အဆို့ရှင်တစ်ခုပါဝင်ပြီးယင်းအဆို့ရှင်က အစာအိမ်ထဲမှ အစာများကို အပြင်သို့ စီးဆင်းရန်၊ မစီးဆင်းရန် ထိန်းချုပ်ပေးလေသည်။

ထို့နောက်အရေပြားပေါ်ရှိပြွန်အဆုံး၌အစာအိမ်ထဲမှအစာများကို စုပ်ထုတ်နိုင်သည် ပန့်စ်သဖွယ် လုပ်ဆောင်ပေးသော လက်ဖြင့် ထိန်းနိုင်သည့်ကိရိယာတစ်ခုအားအစာထုတ် လိုသည့်အခါတိုင်း တပ်ဆင်အသုံးပြုနိုင်လေသည်။

ယင်းကဲ့သို့အစာအိမ်ထဲသို့ ပြွန်တပ်ဆင်မှုမှာမိနစ် ၂၀ ခန့်သာကြာပြီး လူနာအားလည်းမေ့ဆေး သုံးရန်မလိုဘဲ စိတ်ငြိမ်ဆေးအနည်းငယ် ပေး၍ လုပ်ဆောင်လေသည်။

ထို့ နောက်အစာအိမ်အတွင်း မှပြွန်အား အရေပြားပေါ်ရှိပြွန်နှင့်ခွဲစိတ်မှု အသေးစားလုပ်၍ ဆက်စပ်ပေးထား သည်။ လူနာအများစုမှာပြွန်ထည့် ခွဲစိတ်မှုလုပ်ပြီးနောက်တစ်နာရီမှနှစ်နာရီအတွင်း လမ်းလျှောက်၊ အလုပ် လုပ်နိုင်ကြောင်း သိရသည်။

လူနာများ အနေဖြင့်တစ်ရက်လျှင်သုံးကြိမ်အစာကြီးစားပြီးတိုင်း စုပ်ထုတ်နိုင်ပြီး၊ တစ်ခါစုပ်ထုတ်လျှင် ၅ မိနစ်မှ ၁၀မိနစ်ခန့်ကြာနိုင်သည်။

ထို့ပြင်အမေရိကန်၌ စမ်းသပ်ကုသခဲ့သည့်ရလဒ်များအရယင်း Aspire Assist ပစ္စည်းသည် လူနာအား ၁၂လအတွင်း ၎င်းကိုယ် အလေးချိန်၏ ၄၉ရာခိုင်နှုန်းခန့် အားလျော့ကျစေ၍ အခြားခွဲစိတ်မှုများ ထက် သာလွန်သောအချက်မှာ လူနာ သည် အစာကိုလျော့ရန်မလိုဘဲ မိမိစိတ်ကြိုက်စားနိုင်သည့်အပြင်ယင်း အစာအိမ်ထဲမှပြွန်အား အချိန်မရွေး ၁၅မိနစ်အတွင်းထုတ်ယူနိုင်ခြင်းဖြစ်သည်။

Health Updates Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1