အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကျောက်ပန်းတောင်မြို့ခံ
ပြည်သူလူထုအား မိန့်ခွန်းပြောကြားနေစဉ်
ကချင်ပြည်နယ်တွင်း အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား အရှိန်မြင့်လာနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေး အတွက် ဝင်ရောက်ဆောင်ရွက်ဖို့ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
ကချင်ပြည်နယ်ပြဿနာကို ဝင်ရောက်ဆောင်ရွက်မှာပါလားလို့ AFP က
မေးမြန်းရာမှာ ဒီကိစ္စဟာ အစိုးရအပေါ် တည်ပါတယ်၊ အခုလောလောဆယ်မှာ ဒီကိစ္စကို
အစိုးရက ကိုင်တွယ်နေတာပါ၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ရာမှာ
ပါဝင်ဖို့အတွက် အစိုးရဆီက တရားဝင်ကမ်းလှမ်းလာဖို့ လိုအပ်ပါတယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ဝင်
ဦးယွပ်ဇော်ခေါင် က ကချင်ပြဿနာမှာ ပြည်တွင်းပြည်ပမှာသြဇာရှိတဲ့
ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ကြားဝင်ဆောင်ရွက်သင့်ကြောင်း၊
ဆောင်ရွက်ဖို့တာဝန်လည်းရှိကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
RFA
No comments:
Post a Comment