Monday, January 7, 2013

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း တိုက်ခတ်

Ever November | 1/07/2013 05:55:00 PM | Best Blogger Tips

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းတွင် ဆိုနာမူအမည်ရှိ အပူပိုင်း မုန်တိုင်းတစ်ခု ဝင်ရောက် တိုက်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး မိသားစုဝင်ပေါင်း တစ်ရာကျော်ခန့်ကို ကယ်ဆယ်ရေးများ ဆောင်ရွက်ပေး ခဲ့ရကြောင်း ဖိလစ်ပိုင်အမျိုးသား သဘာဝဘေးအန္တရာယ် သက်သာလျော့ပါးရေးနှင့် စီမံကွပ်ကဲရေး ကောင်စီဌာနက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားသည်။ အဆိုပါ မုန်တိုင်းကြောင့် သေဆုံးသူမှာ ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်း ရီဇယ်မြို့ အိုင်ရန်ကျေးရွာမှ ပက်ထရိုဖရန်စီစကို အမည်ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်သည်။ မုန်တိုင်း တိုက်ခတ်စဉ် ၄င်း၏ ကိုယ်ပေါ်သို့ အုန်းပင်တစ်ပင် ပြိုလဲကျပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနက ပြောကြားသည်။ ထိုအတောအတွင်း ဆိုနာမူ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးများ အဆက်မပြတ် ရွာသွန်းပြီး ရေလွှမ်းမှုများ ဖြစ်ပေါ်ကာ နိုင်ငံတောင်ပိုင်း ကွက်ဇုန်မြို့ရှိ ဘတ်စကက်ဘောကွင်း တစ်ခုမှ မိသားစုဝင်ပေါင်း တစ်ရာခန့် သို့မဟုတ် လူပေါင်း ၅ဝဝ ခန့်ကို ကယ်ဆယ်ခဲ့ရကြောင်း အဆိုပါဌာနမှ ပြောကြားသည်။ ထို့အပြင် ဖိလစ်ပိုင် အနောက်ပိုင်း ပလာဝမ်ကျွန်းရှိ ပူအာတိုစီးတီး၊ အဘွန်ရန်၊ ဘရော့ကက်စ်ပွိုင့်နှင့် ကွက်ဇုန်မြို့တို့တွင် ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့ခဲ့သည်ဟု ဆိုသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းသည် ဖိလစ်ပိုင် ဧရိယာအတွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ဖိလစ်ပိုင် မိုးလေဝသ ခန့်မှန်းရေးဌာနက ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1