Friday, January 11, 2013
ချယ်လ်ဆီးချိတ်ဆက်နေသည့် တိုင်ဆန်အတွက် ကြားဝင်လာသည့် ရှက်တာဒိုးနက်ခ်
Ever November | 1/11/2013 03:24:00 PM |
အားကစား
ချယ်လ်ဆီး အသင်းသည် ၎င်းတို့ ခေါ်ယူရန် အဓိက ပစ်မှတ်ထားနေသည့် ဘရာဇီးလ် ကွင်းလယ်လူ တိုင်ဆန်ကို လက်လွှတ်ရဖွယ် ရှိနေကြောင်း သိရှိရသည်။
ယူကရိန်းကလပ် မက်တဲလစ် ခါကစ်ဗ် အသင်းမှ အသက်(၂၄)နှစ်အရွယ် ကစားသမားကို ချယ်လ်ဆီးက ဇန်နဝါရီ ဈေးကွက် အဖွင့်ကတည်းက ချိတ်ဆက်ခဲ့ပြီး စာချုပ်နိုင်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်လာခဲ့ပြီး ယခုအခါ ယူကရိန်းထိပ်သီး ရှက်တာဒိုးနက်ခ်က ကြားဝင်လာကြောင်း သိရသည်။ ရှက်တာသည် ချန်ပီယံလိဂ်တွင် ချယ်လ်ဆီးကို အုပ်စုအဆင့်မှ ထွက်ခွာစေခဲ့ပြီးနောက် ပုံစံမတူသည့် နောက်ထပ် ထိုးနှက်ချက် တစ်ခုအဖြစ် တိုင်ဆန်ကိစ္စတွင် ဆက်နွယ်လာခြင်း ဖြစ်သည်။
ရှက်တာအသင်းသည် အရည်အသွေးမြင့် ဘရာဇီးလ် တက်လူ ကစားသမားများကို စုစည်းထားသည် ဆိုသော အချက်ကလည်း တိုင်ဆန်အတွက် စိတ်ဝင်စားစရာ ဖြစ်လာဖွယ် ရှိနေသည်။ တိုင်ဆန်သည် နိုဝင်ဘာလ (၂၈)ရက်နေ့က ချယ်လ်ဆီးနှင့် ဖူလ်ဟမ်တို့ ကစားသော ပွဲစဉ်တွင် ဧည့်သည့်အဖြစ် လာရောက် ကြည့်ရှုခဲ့သည်။ လက်ရှိတွင်မူ ယူကရိန်း ကလပ်နှစ်ခုသည် တိုင်ဆန်၏ အပြောင်းအရွှေ့အတွက် စတင် ဆွေးနွေးနေပြီဟု သိရှိရသည်။ ထို့အပြင် ပေါင်စတာလင် (၈.၅)သန်းတန် ပြောင်းရွှေ့ကြေးနှင့် ကစားသမား၏ လုပ်ခလစာတို့လည်း ပြေလည်နေပြီး Work Permit ကိစ္စကို အပြီးသတ်ရန်သာ လိုတော့ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
တိုင်ဆန်ကို မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီးတို့ကလည်း စိတ်ဝင်စားမှု ပြသခဲ့ဖူးသော်လည်း လက်ရှိ အနေအထားတွင်မူ ရှက်တာအသင်းက အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်းလည်း သိရသည်။
Ref: The Sun
soccer myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment