Friday, January 18, 2013

တင်သွင်း ကားမှ ပစ္စည်းများ ဆိပ်ကမ်း တွင်မကြာ ခဏပျောက်နေ

Ever November | 1/18/2013 05:20:00 PM | Best Blogger Tips
ဂျပန်နိုင်ငံမှ ကားများမှာယူလျှင် ကားများတွင်ပါဝင်သော တန်ဆာပလာ များ အစုံအလင်ပါဝင်သော်လည်း ရန်ကုန်မြို့ဆိပ်ကမ်းအသီးသီး အရောက်တွင် ထိုကားများမှ တန်ဆာပလာများ ဆိပ်ကမ်း ထဲတွင်ပျောက်ဆုံး လျက်ရှိကြောင်းမော်တော်ယာဉ်ထုတ်လုပ် တင်သွင်း သူများ အသင်းကတာဝန်ရှိသူတစ်သီးက my garden တွင်ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဂျပန်နိုင်ငံကကွန်တိန်နာနဲ့ လာတဲ့ကားကတော့ကွန်တိန်နာထဲမှာထည့်ထားတာဆိုတော့ ပစ္စည်းကတော့ မပျောက်နိုင်ဘူး ကယ်ရီရာနဲ့လာတဲ့ ကားကျတော့ကားသေးရင်လည်းကားသေးသလို ၊ ကားကြီး ရင်လဲကားကြီးသလို ကယ်ရီယာ စကပ်ပြီ ဆိုတာနဲ့ မောင်းချတာက ဆိပ်ကမ်းက ဌားထားတဲ့ Driver အဖွဲ့က မောင်းချကာ မောင်းချပြီးတော့ဆိပ်ကမ်းရဲ့ သတ်မှတ်တဲ့ရက် ၊ သတ်မှတ်တဲ့နေရာမှာထားတယ်။ ၁ပတ်လောက်ပဲထားရင် ကိစ္စမရှိဘူး။၂လ ၊ ၃လ ၊ ၄လ၊၅လ နဲ့ ၆လ လောက်ထားတဲ့ ကားတွေကျတော့ ဘာပစ္စည်းကျန်မယ် ၊ မကျန်ဘူး။ဘာပစ္စည်းပျောက်မယ် ၊မပျောက်ဘူးဆိုတာဟာကတော့ ဘယ်ပိုင်ရှင်ကမှ ဆိပ်ကမ်းထဲကိုဝင်ပြီးတော့ကြည့်နိုင်တာမဟုတ်ဘူး။ custom ကနေ ဖိုင်ရပြီဆိုပြီး ပြောတဲ့ အချိန်ကျမှ ဆိပ်ကမ်းထဲဝင်ကြည့်တာဆိုတော့ အဲဒီအချိန်ကျတော့ သဗ္ဗေသတ္တာကံမ္မသကာ တန်ဖိုးရှိရင် တန်ဖိုး ရှိသလိုပျောက်တယ်။
ဆိပ်ကမ်းထဲမှာကားအက်စိဒင့်ဖြစ်သွားတယ်၊တိုက်သွားတယ်။ ကျွန်တော်တို့ရှေ့တင်ဖြစ်သွားတယ်။ ကျွန်တော်တို့ကားမဟုတ်ပေမယ့် သက်သေဖြစ်တဲ့အတွက် ကောက်ရှင်းချင်တယ်။ ဒီလိုမျိုးမျက်မြင် သက်သေ မရှိပဲဘယ်နှစ်မျိုးလောက်က ဘယ်လိုမျိုးဖြစ်ရပ်မျိုးတွေကြုံတွေ့နေလည်း ကျွန်တော်လည်း မသိနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့အခါမှာလည်း custom တာဝန်ယူတာမဟုတ်ဘူး´´ဟုပြောကြားခဲ့သည်။

အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားရာတွင်“အဲဒီက၀န်ထမ်းတွေ လုပ်တယ်မလုပ်ဘူးဆိုတာ ပုံသေပြောလို့မရဘူး။ ကားသော့ကအပြင်လူကိုင်လို့မရဘူး။အဲဒီက၀န်ထမ်းကလွဲလို့ဒါပေမယ့်တစ်ခုရှိ တာက အပြင်ကဖြုတ်လို့ရတဲ့ပစ္စည်းက အဲဒီဝန်ထမ်းတွေမဖြုတ်လည်းတခြားလူတွေကဖြုတ်မှာပဲ အနီးစပ်ဆုံးပြောရမယ်ဆိုရင် အင်တာနာလို ဟာမျိုး အဲဟာတွေက စကူလေးနဲ့ အပြင်မှာစုတ်ထားတာ လှည့်လိုက်တာနဲ့ရတယ်။ အပြင်မှာအဲ့တာတွေက ပြန်ဝယ်မယ်ဆိုရင် ၂ သိန်း ၊ ၃ သိန်း လောက်ရှိတယ်။ အပြင်ပစ္စည်းပျောက်တာတော့ မဆန်းဘူး။အတွင်းပစ္စည်းပျောက်တာကျတော့ ဘယ်လိုမှငြင်းလို့မရဘူး။ ကားထဲမှာပါတဲ့ TV တွေဘာတွေဆို သူဘာသာသူတော့ခြေထောက်ပေါက်ပြီး မထွက်သွားဘူး ဟိုမှာကားမှာပြီဆိုထဲက ဂျပန်လူမျိုးက ဓာတ်ပုံနဲ့ရိုက်ပြီးတော့ ထည့်ပေးလိုက်တာ´´ဟုပြောကြားခဲ့သည်။

ယင်းကဲ့သို့ပျောက်ရှခြင်းမှာလည်း တစ်ခါနှစ်ခါမကတော့ပဲလုပ်ငန်းရှင်တိုင်း လိုယင်းကဲ့သို့ကားများတွင် ပါလာသော ပစ္စည်းများ ပျောက်ရှလျက်ရှိကြောင်း အဆိုးဆုံးပျောက်ရှသည်မှာ ဂျပန်နိုင်ငံမှ ကားထဲတွင် ထည့်ပေးလိုက်သော ဆီများဖြစ်ကြောင်းသိရှိရသည်။
 
The Hot News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1