Friday, January 18, 2013

ပရိသတ်ကို ရုံထဲ လာကြည့်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းကောင်းတွေ လိုကြောင်း မျိုးသန္တာထွန်းပြော

Ever November | 1/18/2013 04:59:00 PM | Best Blogger Tips

အနုပညာလောကမှာ ရိုးသား ကြိုးစားမှုနဲ့အတူ ကိုယ်ပိုင်မှတ်တိုင် တစ်ခုစိုက် ထူနိုင်ခဲ့ပြီး အကယ်ဒမီ မျိုးသန္တာထွန်းလို့ ဖြစ်လာအောင် အားပေးခဲ့တာ ပရိသတ်ကြောင့်ပဲ ဖြစ်ပြီး ပရိသတ်ဆိုတာ အနုပညာရှင် တွေရဲ့ အားဆေး ပဲဖြစ်ကြောင်း အနု ပညာရှင်ရဲ့မှတ်တိုင်ကိုရောက်အောင် ပံ့ပိုးပေးတာက ပရိသတ်ပါလို့ မျိုး သန္တာထွန်းကဆိုလာပါတယ်။ မျိုးသန္တာ ထွန်းကသူမ ရဲ့ငယ်စဉ် ဘဝကြိုးစားခဲ့ ပုံကိုလည်းပြောပြသလို အမှတ်တရ ရိုက် ကွင်းအဖြစ်အပျက်ကိုလည်း ပြောပြခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား ကြီးမှာပါဝင် သရုပ်ဆောင်ခွင့်ရဖို့လည်း အချိန်အကြာကြီး စောင့်ခဲ့ရကြောင်း မျိုးသန္တာထွန်းက ပြောပြခဲ့ပါတယ်။

မမျိုးတို့ ခေတ်တုန်းကဆိုရင် ရုပ်ရှင်ဇာတ်ကား တစ်ကားမှာ ပါဝင် သရုပ်ဆောင် ရဖို့ ဘယ်လောက်အထိ ကြိုးစားခဲ့ရလဲလို့ မေးကြည့်တော့

“အရင်ကဆိုရင်ရုပ်ရှင်ဇာတ်ကားကြီး မပြောနဲ့ ဗီဒီယိုဇာတ်ကားတစ်ကား မှာ ပါဝင်သရုပ်ဆောင် ခွင့်ရဖို့ ဆိုတာ တအားကို ကြိုးစားရတယ်။ မျှော်လင့် ချက်တွေ အများကြီးထား ရတယ်။ တစ်ကားရိုက်ရဖို့ အခွင့်အရေးဆို တာလည်း မလွယ်ဘူး။ ရုပ်ရှင်ဇာတ် ကားကြီးမှာ ပါဝင်ခွင့်ရဖို့ ၄နှစ်၊ ၅နှစ် နေမှ ဧည့်သည် အခန်းကနေ ခဏ လေးပါဝင်ခွင့် လောက်ပဲရတာ။ ခုကျ တော့ အသစ် ဆိုပေမယ့်လည်း တင်ရဲ တာပဲ။ အရည်အချင်းသာရှိရင် တင် ပေးလိုက်တာပဲ။ မမျိုးထင်တယ်။ ခု က ကြိုးစားရင် ကြိုးစားသလောက် ရတယ်။ အခွင့်အရေးကလည်း အား ကောင်းလာတယ်။ မီဒီယာပံ့ပိုးမှုက အစ အားကောင်းလာတယ်။ ဒါ ကြောင့် မမျိုးတို့က ၄နှစ်၊ ၅နှစ်နေမှ ရုပ်ရှင်ကား ကြီးတွေမှာ သရုပ်ဆောင် ခွင့်ရပေမယ့် ခုကတအားကို အခွင့် အရေးရ တယ်”လို့ ပြောပါတယ်။

ဇာတ်ရုပ်ပီပြင်ပြီး သဘာဝကျကျ သရုပ်ဆောင်တတ်ဖို့ အိုက်တင်နဲ့ ပတ်သက်ပြီး လေ့ကျင့်ခဲ့မှုတွေကို လည်း မျိုးသန္တာထွန်း က ပြန်လည် ပြောပြ တာက
“ကျရာဇာတ်ရုပ်တစ် ခု သရုပ်ဆောင်တဲ့အခါမှာ ပီပြင်ဖို့ အတွက် ကိုယ့်ရှေ့ က မင်းသမီးကြီး တွေကို ကြည့်တယ်။ တတ်သလောက်၊ မှတ်သလောက် နဲ့လုပ်တယ်။ အဲဒီ အတွေ့အကြုံနဲ့ ပေါင်းပြီး သဘာဝကို ခံစားပြီးလုပ်ရ တယ်လေ။ သဘာဝ ကိုထပ်တူထပ်မျှကျအောင် သရုပ်ဆောင် ရတာဆိုတာ သဘာဝပတ် ဝန်းကျင်က ဖြစ်ပျက်တာတွေကို မျက်ခြည်မပြတ် ကိုယ်က ကြည့်ပြီးလေ့ လာနေရတယ်။ ဥပမာ- ကိုယ်နဲ့စကား ပြောတဲ့ သူတစ်ဦး တစ်ယောက်ကို အမြဲလေ့လာဖြစ်တယ်။ တစ်နေ့ တစ် ချိန်မှာအဲဒီ အရာတွေက ကိုယ့်အတွက် အသုံးချလာနိုင်မှာလေ။ ပတ်ဝန်း ကျင်ကို မေ့မေ့လျော့လျော့မထားဘူး။ အမြဲအကဲခတ်ဖြစ်တယ်”လို့ ပြောပြ ပါတယ်။

အနုပညာရှင်တွေက ကျရာနေရာမှာ ကျရာ ဇာတ်ရုပ်ကို ပီပြင် အောင် သရုပ်ဆောင်ရတဲ့အတွက် အရူး၊ ကျပ်မပြည့်တဲ့ဇာတ်ရုပ်မျိုးတွေ ကိုအပြင် မှာ ထွက်ရိုက်တဲ့ အခါမှာ ပရိသတ်တွေ ဝိုင်း အုံကြည့်ရှုတဲ့အခါ တစ်ခါ တလေသရုပ်ဆောင် မှုမှာ အားရုံစုစည်းမရတာမျိုးတွေ ရှိခဲ့လား လို့မေးတော့

”ရှိတယ်။ ဒါရိုက်တာ ဝင်းထွန်း ထွန်းရိုက်တဲ့ကားလေးပေါ့။ ကျပ်မပြည့်တဲ့ ပုံစံသရုပ်ဆောင်ရတယ်။ တော်တော်ကို ခက်ခက်ခဲခဲသရုပ်ဆောင် ရပါတယ်။ ပထမနေ့ အောက်ဒိုး ထွက်ရိုက်တဲ့နေ့ဆို တစ်ခါ မှမလုပ် ဖူးတော့ ကာရိုက်တာ ကိုစိတ်မဝင်ခင်ငါဟာ မျိုးသန္တာထွန်း ပါလားဆိုပြီး ရှက်မိတယ်။ ဒါပေမဲ့ ကာ ရိုက်တာ စိတ်လည်းဝင်ရော ပတ်ဝန်းကျင် ကလူတွေ အားလုံး ကိုမေ့သွားတာရှက်ရကောင်း မှန်းတောင် သိတော့ဘူး။ဒါကတော့ တကယ့် အဖြစ်အပျက်”လို့ ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး မျိုးသန္တာထွန်းကို ရုပ်ရှင် ဇာတ်ကားကြီးတွေ အရေအတွက် နည်းသွားတဲ့အပေါ်မှာကော ဘယ်လို သုံးသပ်မိလဲလို့မေးတော့

”ဟုတ်တယ်။ ဗီဒီယို တွေက အလွယ်တကူအိမ်မှာ ကြည့်လို့ ရတယ်။ ရုပ်ရှင်ကားကြီးကျတော့ ရုံမှာကြည့်ရတယ်လေ။ အချိန် ပေးရ တယ်။ ငွေကြေး ပိုကုန်တယ်။ ဒါပေမဲ့ ပရိသတ်ကိုရုံကိုလာနိုင်အောင် ဆွဲဆောင်တဲ့ ဇာတ်လမ်းကောင်းတွေ ပေါ်လာဖို့လည်း လို အပ်တယ်။ ဇာတ်လမ်းကို အဓိကထားပြီးကြည့် တဲ့ မြန်မာပရိသတ်တွေက အနုပညာဆို ခုံမင်တယ်လေ။ မကြည့်ဘဲနဲ့မနေနိုင်ဘူး။ ဒါကြောင့် အနုပညာ လောကက တိမ်ကောသွားမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” လို့ပြောပြခဲ့ပါတယ်။

ထူးထူး

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1