Saturday, January 12, 2013

CCTV ကင်မရာများကို ဖုန်းလိုင်းကြိုး၊ တီဗီကြိုးနှင့် နက်ဝက်ခ်ကြိုးများဖြင့် အသုံးပြုလာနိုင်

Ever November | 1/12/2013 03:43:00 PM | Best Blogger Tips

ပြည်တွင်းသို့ နောက်ပိုင်းဝင်ရောက်လာသည့် CCTV ကင်မရာများကို ဖုန်းကြိုး၊ တီဗီကြိုးနှင့် နက်ဝက်ခ်ကြိုးများဖြင့် အသုံးပြုနိုင်လာကြောင်း ဈေးကွက်မှ စုံစမ်းသိရှိသည်။

ယခင်က Coaxial ကြိုးများတွင် BNC ခေါင်းများကို ခဲဆော်၍ အသုံးပြုရပြီး ယခုအခါတွင် Bland ကိုကြားခံ၍ ကင်မရာများကို ဖုန်းကြိုး၊ နက်ဝက်ခ်ကြိုးနှင့် တီဗီကြိုးများဖြင့် အသုံးပြုလာနိုင်ကြောင်းကို နက်ဝက်ခ်ဆားဗစ် ပညာရှင်တစ်ဦးဖြစ်သော ကိုသန်းအောင်က “အရင်ကဆို ကင်မရာကို coaxial cable တွေမှာ BNC ခေါင်းတွေ တပ်သုံးရတာ။ အခုနောက်ပိုင်း ဘလန်းတွေ ပေါ်လာတယ်။ ဘလန်းဆိုတာ ကြိုးကို ဈေးသက်သာအောင် coaxial cable ကို မသုံးဘဲနဲ့ ဖုန်းကြိုး၊ နက်ဝက်ခ်ကြိုးနဲ့ သုံးဖို့အတွက် ကြားခံသုံးတဲ့ပစ္စည်းလို့ ပြောရမှာပါ။ အဲဒီဟာက တစ်ဖက်က ဖုန်းကြိုးဝင်တယ် ဒါမှမဟုတ် နက်ဝက်ခ်ကြိုးအ၀င်နဲ့ တစ်ဖက်က BNC ခေါင်း ပြန်ထုတ်ပေးတာမျိုး။ သူက ဖုန်းကြိုး၊ နက်ဝက်ခ်ကြိုးနဲ့ သုံးလို့ရသလို တီဗီကြိုးတွေနဲ့လည်း သုံးလို့ရတယ်” ဟုရှင်းပြသည်။ “အခုနောက်ပိုင်း ၀င်လာတဲ့ လုံခြုံရေးကင်မရာတွေကို အရင်ကလို ကွန်ပျူတာနဲ့ တွဲသုံးစရာမလိုပါဘူး။ တီဗီနဲ့ချိတ်ပြီး သုံးလို့ရပါတယ်။ ကာလာနဲ့ကို နေ့ရောညပါ သုံးနိုင်ပါတယ်။ အလွယ်တကူ တပ်ပြီးလည်း သုံးနိုင်ပါတယ်။ သုံးရတာလည်း မခက်ခဲပါဘူး” ဟု Every Time အမှတ်တံဆိပ် CCTV များ ပြည်တွင်းသို့ တစ်ဦးတည်းကိုယ်စားလှယ်အနေဖြင့် တင်သွင်းရောင်းချသော AGK ဆိုင်မှ Office Manager ကပြောသည်။ သုံးစွဲသူများအနေဖြင့် တန်ဖိုးတစ်သိန်း (သို့မဟုတ်) ရှစ်သောင်းဝန်းကျင်လောက်ရှိသော ကင်မရာများကို ၀ယ်ယူအသုံးပြုသင့်ပြီး တန်ဖိုးသက်သာသော ကင်မရာများ အသုံးပြုပါက ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ဖြေရှင်းရန် ခက်ခဲကြောင်းကို “နောက်ပိုင်း DVR Server တွေဝင်လာတယ်။ အဲဒီအမျိုးအစားက user သိပ်ကလိလို့မရဘူး။ ဒါပေမဲ့ သူက ဈေးသက်သာတယ်။ တစ်လုံးကို နှစ်သောင်းဝန်းကျင်လောက်ပဲရှိတယ်။  သူက တီဗီနဲ့လည်း တပ်ပြီး သုံးလို့ရတယ်။ အဲဒီတော့ user က လတ်တလော ဈေးသက်သက်သာသာနဲ့ ရုပ်ပေါ်ရင်ပြီးရောပဲဆိုပြီး တပ်တာပဲ။ အဲဒီထဲမှာ တချို့ ဈေးသက်သာတဲ့ အမျိုးအစားက ပြန်ကြည့်တဲ့အခါမှာ ရုပ်ထွက်မမှန်တာမျိုးတွေ ရှိတယ်။ စလိုးမိုးရှင်းဖြစ်တာနဲ့ ၀ါးတာနဲ့။ အဲဒီကင်မရာတွေက live ကြည့်ရင်သာ မသိသာတာ play back ကြည့်ရင် သိသာတယ်။ အဲဒါမျိုးတွေ user က မသိကြတော့ တချို့က ဈေးကြီးတယ်၊ တချို့က ဈေးသက်သက်သာသာနဲ့ ရတယ်ဆိုပြီး တပ်နေကြတာများတယ်။ အဲဒီမှာ တစ်နိုင်လေးတွေ ဈေးသက်သက်သာသာနဲ့ လိုက်လုပ်တဲ့သူတွေ များလာတယ်။ ကုမ္ပဏီ မဟုတ်ဘူးပေါ့ဗျာ။ ဟုတ်ရင်လည်း ကုမ္ပဏီအမည်ခံထားတဲ့ သေးသေးလေးတွေပေါ့ဗျာ။ ကုမ္ပဏီကြီးတွေက နာမည်ထိန်းပါတယ်။ ခက်တာက ပြဿနာကလည်း ဖြစ်ခဲတယ်လေ။ ကိုယ့်ဆီမှာ ခိုးဖို့ဆိုတာက တော်တော်ဖြစ်နိုင်ချေ နည်းပါတယ်။ အဲဒီတော့ မသိသာဘူး။ ကျွန်တော်ကြုံဖူးတယ် တကယ်တမ်းဖြစ်တော့ မရှူနိုင်မကယ်နိုင်နဲ့ဖြစ်ရော။ ကင်မရာက အနည်းဆုံး တစ်သိန်းတန်လောက်မှ ကောင်းတယ်။ ဒါမှမဟုတ် ခုနှစ်သောင်း ရှစ်သောင်းတန်လောက်တော့ သုံးသင့်တယ်” ဟု ကိုသန်းအောင်က ဆက်လက်ပြောပြသည်။ ပြည်တွင်း၌ တင်သွင်းရောင်းချလျက်ရှိသော CCTV များမှာ နိုင်ငံတကာရှိ နာမည်ကြီး အမှတ်တံဆိပ် ကင်မရာ အမျိုးအစားများလည်းရှိသလို တရုတ်ဘက်မှ တင်သွင်းသော အရည်အသွေး အမျိုးမျိုးသော ကင်မရာများလည်းရှိကြောင်း သိရသည်။ တရုတ်ဘက်မှ တင်သွင်းရောင်းချသော ကင်မရာအများစုမှာ ဈေးနှုန်းအားဖြင့် သက်သာသလို အရည်အသွေးပိုင်း အသင့်အတင့်သာရှိကြောင်း သိရသည်။

ရေးသားသူ -သူရ
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1