Monday, January 7, 2013

၂၀၁၃ ခုနှစ်အတွက် လျှောက်ထားရမည့် CIF ဈေးနှုန်းများမှာ ဇန်န၀ါရီ ၁ ရက်မှစတင်၍ လျှောက်ထားသည့် သွင်းကုန်လိုင်စင်၊ ပါမစ်များသာ အကျုံးဝင်မည်ဟုဆို

Ever November | 1/07/2013 06:28:00 PM | Best Blogger Tips

မော်တော်ယာဉ်များ တင်သွင်းရာတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှစတင်၍ လျှောက်ထားရမည့် CIF ဈေးနှုန်းများကို ထုတ်ပြန်ခဲ့ပြီး အဆိုပါဈေးနှုန်းများမှာ ဇန်န၀ါရီ ၁ ရက်မှစတင်၍ လျှောက်ထားသည့် သွင်းကုန်လိုင်စင်/ပါမစ်များသာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၁ ရက်နေ့မတိုင်မီ လျှောက်ထားသည့် သွင်းကုန်လိုင်စင် ပါမစ်များမှာ ယခင်အတည်ပြု ဈေးနှုန်းများအတိုင်း လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံအစားထိုး လဲလှယ်မှုအစီအစဉ်အရ ၂၀၁၃ ခုနှစ်တွင် မော်တော်ယာဉ်များ တင်သွင်းရာ၌ ၁၉၉၇ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သောယာဉ်များ တင်သွင်းရမည်ဖြစ်သကဲ့သို့ တစ်ဦးချင်း တင်သွင်းသည့် အစီအစဉ်တွင်လည်း လက်ရှိတင်သွင်းခွင့်ပြုသည့် ၂၀၀၇ ခုနှစ်အစား ၂၀၀၈ ခုနှစ်နှင့်အထက်သာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အသစ်ထုတ်ပြန်လိုက်တဲ့ CIF ဈေးနှုန်းတွေဟာ လက်ရှိကားဈေးကွက်ကို သိသိသာသာ ပြောင်းလဲတာ မတွေ့ရသေးပါဘူး။ ခါတိုင်းထက် နည်းနည်းလေးပဲ ပိုရောင်းရတာမျိုးရှိတယ်” ဟု ဟံသာဝတီ ကားပွဲစားတန်းမှ အကျိုးဆောင်တစ်ဦးကပြောသည်။ ၁၃၀၀ စီစီအောက် ယာဉ်များကို မည်သည့်ယာဉ်အုပ်စုတွင်မဆို Model Year 2008 မှ 2012 အထိတန်ဖိုး USD 5000 ဖြင့် လျှောက်ထားနိုင်ပြီး 2012 Model Year ဖြင့် လျှောက်ထားမည်ဆိုပါက လက်ရှိပေါက်ဈေးအတိုင်း လျှောက်ထားရမည်ဖြစ်ကြောင်း ယာဉ်အုပ်စုတွင်မပါဝင်ဘဲ Brand Name အသစ်ဖြင့် လျှောက်ထားလာသော ယာဉ်များဖြစ်ပါက အင်တာနက် အထောက်အထားများဖြင့် စိစစ်၍ One Stop Service အဖွဲ့အစည်းသို့ တင်ပြပြီးမှသာ ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံအစားထိုး လဲလှယ်မှုအစီအစဉ်အရ တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ဈေးနှုန်းများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ထူးထူးခြားခြားအနေနဲ့ကတော့ အမြင့်ကားတချို့ ၀ယ်သူ နည်းနည်းပါးပါးရှိလာတယ်။ အများကြီး ပြောင်းလဲမယ်ဆိုပြီး ၀ယ်သူတွေက စောင့်နေကြတာ။ သိပ်မထူးခြားတော့ စောင့်နေတဲ့သူတွေက ပြန်ဝယ်လာတဲ့ သဘောပါ။ အနိမ့်ကားတွေကတော့ အရင်အတိုင်း အရောင်းအ၀ယ် အေးစက်နေတုန်းပါပဲ” ဟု ကားအကျိုးဆောင်တစ်ဦးကလည်း ပြောကြားသည်။ ထုတ်ပြန်လိုက်သည့် CIF ဈေးနှုန်းအရ ကားဈေးကွက် သိသိသာသာ ပြောင်းလဲရန်မဖြစ်နိုင်ကြောင်း အကျိုးဆောင်အချို့ကပြောသည်။

ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1