Monday, January 7, 2013

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ စသည့် နိုင်ငံငါးနိုင်ငံမှ Gas Turbine/Engine များ မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် MIC ခွင့်ပြုချက်အား စောင့်မျော်နေ

Ever November | 1/07/2013 05:26:00 PM | Best Blogger Tips

မြန်မာနိုင်ငံအတွင်း နွေရာသီ ကာလများတွင် လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာအား အမြန်ဆုံး ဖြေရှင်းနိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သတင်းရရှိပါသည်။
အဆိုပါ နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင် ရန် ပြင်ဆင်ပြီး ဖြစ်နေသော် လည်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများ၏ ခွင့်ပြုချက် ရရှိရန် စောင့် ဆိုင်းနေ ရကြောင်းလည်း ရန်ကုန်မြို့တော် လျပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ ပါသည်။

''မိုးတွင်းမှာ လျပ်စစ်ဓာတ်အားက လုံလောက်ပေမယ့် ဒီဇင်ဘာလလောက် ဆိုရင်ကိုပဲ ဓာတ်အား လိုအပ်ချက်က သိသာလာပါတယ်။ အခုလည်း နွေကာလအတွင်း ဓာတ်အားလုံလောက်ဖို့အတွက် ရေ ထိန်း လွှတ်တာမျိုးတွေလုပ်ပြီး ဓာတ်အားကို ချိန်ပြီးပေးရပါတယ်။ ပြည်ပနိုင်ငံတွေကနေ Gas Turbine တွေ Gas Engine တွေမှာပြီး ၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ဖို့ တင်ပြထား ပါတယ်'' ဟု ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ခိုင်က ပြောသည်။

မြန်မာနိုင်ငံအတွင်း လျပ်စစ်မီးလိုအပ်ချက်ကြောင့် ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့သည့် ၂၀၁၂ခုနှစ်အား အခြေခံတွက်ချက်မှုအရ နွေကာလအတွင်း လျပ်စစ်မီး လိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဦးအောင်ခိုင်က ဆိုပါသည်။

၂၀၁၂ ခုနှစ် နွေကာလအတွင်း အမြင့်ဆုံး ဓာတ်အားသုံးစွဲမှု ၁၇၉၀ မဂ္ဂါဝပ်အား အခြေခံ တွက်ချက်မှုအရ ၂၀၁၃ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၀၆၀ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၃၇၀ မဂ္ဂါဝပ်၊ ၂၀၁၅ ခုနှစ် နွေရာသီ တွင် ဓာတ်အားလိုအပ်ချက် ပမာ ဏမှာ ၂၇၂၅ မဂ္ဂါဝပ်နှင့် ၂၀၁၆ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၃၁၃၀ မဂ္ဂါဝပ်အထိ ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၃ ခုနှစ် နွေရာသီ ကာလအတွင်း လက်ရှိလိုအပ်ချက်ဖြစ်သည့် လျပ်စစ်ဓာတ်အား ၅၀၉ မဂ္ဂါဝပ် အား ဖြည့်ဆည်းနိုင်ရန် သောက်ရေခပ်-၂၊ လှော်ကား၊ ရွာမ၊ သာကေတ၊ အလုံစသည့် ဓာတ်အား ထုတ် လုပ်ရေး စီမံကိန်းများမှ ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ကျန်လိုအပ်သည့် ဓာတ်အား ပမာဏဖြစ်သည့် ၂၁၉ မဂ္ဂါဝပ်အား ဖြည့်တင်းနိုင်ရန် စက်မှုဇုန်များအား အချိန်ပိုင်း ဓာတ်အားလျော့ခြင်း၊ အစိုးရပိုင် စက်ရုံများ၊ မြစ်ရေတင်များအား ဓာတ်အားအသုံးများသည့် အချိန် ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှု လုပ်ငန်းများမရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအား နေ့ဘက်တွင် ဓာတ်အားပိတ်ခြင်း၊ မြို့ကြီးအချို့တွင် ၁ မဂ္ဂါဝပ်မီး စက်များအသုံးပြု၍ ဓာတ်အားဖြည့် တင်းပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် စပိန်နိုင်ငံမှ တင်ပို့မည့် 52MW ရှိ Guascor အား လှော်ကားစက်ရုံ တွင် ထားရှိမည်ဖြစ်ပြီး ဂျာမနီ နှင့်သြစတြေးလျနိုင်ငံတို့မှ တင်ပို့မည့် 52MW ရှိ Caterpillar အား ရွာမစက်ရုံ၊ စင်ကာပူနိုင်ငံမှ တင်ပို့မည့် 53.6 ရှိ GE အား သာကေတစက်ရုံနှင့် မလေးရှားနိုင်ငံမှ တင်ပို့မည့် 100MW ရှိ GE အား အလုံစက်ရုံတွင် တပ်ဆင်နိုင် ရန် ဆောင် ရွက်ပြီးဖြစ်ကြောင်း သိရသည်။

EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1