သြစတြေးလျနှင့်
စင်္ကာပူနှစ်နိုင်ငံများတွင် ပညာသင်ကြားနိုင်ခြင်းဖြစ်ပြီး ၂၀၁၃
ခုနှစ်မှစ၍ စင်္ကာပူ Campus တွင် လျှောက်ထားသည့်ကျောင်းသူကျောင်းသူများကို
သြစတြေလျနှင့် စင်္ကာပူ Campus နှစ်ခုစလုံးတွင် လေ့လာသင်ယူနိုင်ရန်
စီစဉ်ပေးမည် ဖြစ်ကြောင်း JCU ၏ ကိုယ်စားလှယ်CROWN Education မှ
တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အစီအစဉ်အရ James Cook University (စင်္ကာပူ) campus တွင် ပညာသင်မည့် ကျောင်းသူ ကျောင်းသားများ အနေဖြင့် (3) semesters ကို
စင်္ကာပူတွင် လေ့လာသင်ယူပြီး၊ (2) Semesters ကို သြစတြေလျ JCU Campus တွင်
သွားရောက် သင်ယူခွင့်ရရှိကာ နောက်ဆုံး Semester အား စင်္ကာပူ Campus ၌
လေ့လာသင်ယူရနိုင်ခြင်းဖြစ်သည်။
သြစတြေးလျတွင်
ပညာသင်ယူရန် ဗီဇာလျှောက်ထားခြင်းနှင့် နေရေးထိုင်ရေးကိစ္စများကိုပါ
တက္ကသိုလ်မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ကျောင်းလခများအနေဖြင့်
စင်္ကာပူကျောင်း၏ ဈေးနှုန်းအတိုင်း ကောက်ခံမည်ဖြစ်သည်။
“အစီအစဉ်သစ်အရ
ဗီဇာလျှောက်ထားတဲ့ ကိစ္စအ၀၀ကိုပါ တက္ကသိုလ်က စီစဉ်ဆောင်ရွက်
ပေးမှာဖြစ်ပါတယ်၊ နောက်ဆုံး Semester ကို စင်္ကာပူမှာ ပြန်လာပြီး
သင်ယူပြီးမှ ဘွဲ့ ရမှာဆိုတော့ သြစတြေးလျဗီဇာရဖို့ အခွင့်အရေး
ပိုများပါတယ်၊၊” ဟု James Cook University ၏ BEST AGENT ဆုရရှိထားသော CROWN Education မှ ပညာရေးအတိုင်ပင်ခံတစ်ဦးက ပြောသည်၊၊
နောက်ဆုံး
စာသင်မည့်အတန်းကို စင်္ကာပူတွင် ပြန်လည်လေ့လာသင်ယူရမည်ဖြစ်သဖြင့်၊ သြစတြေ
လျ ဗီဇာရရှိရန် အခွင့်အရေး ပိုမိုရရှိနိုင်ခြင်း ဖြစ်ကြောင်းသိရသည်၊၊
၂၀၁၃
မှစ၍ James Cook University မှ ကျောင်းသားများအတွက် JOB Fair များ
ပြုလုပ်ပေးသွားမည်ဖြစ်ပြီး၊ JCU ဖြင့် ချိတ်ဆက်ထားသော ကုမ္မဏီ (၈၇)
ခုတွင် Corporate Field Trip များ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း
သိရသည်။
James Cook University တွင် MIT နှင့် MBA ကို တွဲဖက်လျက် Joint Master သင်ယူနိုင်သကဲ့သို့  Professional Accounting နှင့် Business Administration ကိုတွဲဖက်လျက် Joint Master ကို ၂၀၁၃ မှစ၍ စတင်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်၊၊
စီးပွားရေး၊စီမံခန်
့ခွဲမှုနယ်ပယ်တွင် ဘက်စုံသုံးသတ်ရှု့ မြင်နိုင်စေရန်
လေ့ကျင့်သင်ကြားပေးခြင်း၊ လူ့အရင်းအမြစ်စီမံခန့်ခွဲမှု့ တွင်၊ လက်တွေ
့ရင်ဆိုင်နေရသော ပြသနာများကိုလေ့လာခြင်း၊ ခေတ်နှင့် လျှော်ညီသော
ခေါင်းဆောင်မှု စွမ်းရည်များကို လေ့လာသင်ယူနိုင်မည့် ဘာသာရပ်များအပြင်၊
ဇီဝဗေဒ နှင့် သဘာဝပတ်ဝန်းကျင်းထိမ်းသိမ်းရေး ဘာသာရပ်ကို
စီးပွားရေးပညာနှင့်တွဲဖက်ယူနိုင်သော Bachelor of Business and
Environmental Science၊ အိုင်တီ နှင့် ဂိမ်းကို စိတ်ဝင်စားသော ကျောင်းသူ
ကျောင်းသားများအတွက် နောက်ဆုံးပေါ် IT ဘာသာရပ် များကို လေ့လာသင်ယူနိင်မည်
ဖြစ်သည်၊၊
"တက္ကသိုလ်တွေရဲ့
အရည်အသွေးကို Academic & Research Performance တွေနဲ့  လည်း
တိုင်းတာတတ်ကြပါတယ်၊၊ အခုလူ့အဖွဲ့အစည်းက Teaching ကနေ Learning
ကိုပြောင်းလဲ နေတဲ့အတွက် တက္ကသိုလ်တွေမှာ ပညာ သင်ကြားရခြင်း ရဲ
့ရည်ရွယ်ချက်တွေနဲ့  ရရှိနိုင်တဲ့ အကျိုး ကျေးဇူးတွေကို
ကျောင်းသူ/ကျောင်းသားတွေ နားလည်စေချင်ပါတယ်”ဟု ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းမှ ဦးအောင်ကျော်ဆန်းက မှတ်ချက်ပြုသည်။
IELTS/TOEFL
ရမှတ်မရှိသူများအတွက် JCU ၀င်ခွင့်စာမေးပွဲကို အခမဲ့စစ်ဆေး ပေးခြင်း၊
မိမိတို့ ရရှိထားသည့် ABE, IDCS/IADCS လက်မှတ် ရရှိထားသူများနှင့်
အခြားနိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ကိုင်ဆိုင်ထားသူများအတွက်၊
ဘာသာရပ်ဆိုင်ရာကင်းလွတ်ခွင့် (Subject Exemption)
လျှောက်ထားခြင်းနှင့်ကျောင်းဝင်ခွင့်ဆိုင်ရာကိစ္စရပ်များအတွက် CROWN
Education ၊ အမှတ် (၂၇၀) ၊ ပထမထပ်၊ ဖုန်း ၀၉-၇၃၂ ၇၃၂ ၇၇၊ ၀၉- ၅၀၈၅ ၁၈၅
သို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ကြောင်း သိရသည်။
မြစ်မခ
No comments:
Post a Comment