Friday, January 11, 2013

စက္ကူကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screen ကို CES 2013 တွင် မိတ်ဆက်ပြသ

Ever November | 1/11/2013 10:12:00 AM | Best Blogger Tips

စက္ကူတစ်ချပ်၏ အထူမျှသာရှိပြီး လိမ်ခေါက်နိုင်သလို ပြုတ်ကျလျှင် လည်း မည်သည့် ထိခိုက်ပျက်စီးမှုမျှ မရှိသော အဆိုပါ Screenကို ကနေဒါနိုင်ငံ ကွင်းစ်တက္ကသိုလ်မှ ပညာရှင်များက သုတေသနပြု ဖန်တီးထားခြင်းဖြစ်သည်။
စက္ကူတစ်ချပ်ကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screenတစ်မျိုးကို CES 2013 အီလက်ထရောနစ်ထုတ်ကုန်နှင့် နည်းပညာပြပွဲတွင် စတင် မိတ်ဆက်ပြသခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နည်းပညာသည် လာမည့် (၅)နှစ်အတွင်း အလေးချိန် များပြားသည့် လုပ်ငန်းသုံး Laptopများ နေ ရာတွင် အစားထိုး ဝင်ရောက်လာမည့် အခြေအနေ ရှိနေကြောင်း ထင်ကြေးပေး ခံနေရ သည်။ စက္ကူ တစ်ချပ်၏ အထူမျှသာရှိပြီး လိမ်ခေါက်နိုင်သလို ပြုတ်ကျလျှင်လည်း မည်သည့် ထိခိုက် ပျက်စီးမှုမျှ မရှိသော အဆိုပါ Screenကို ကနေဒါနိုင်ငံ ကွင်းစ်တက္ကသိုလ်မှ ပညာရှင်များက သုတေသနပြု ဖန်တီး ထားခြင်းဖြစ်သည်။

Plastic Logic and Intel ဓာတ်ခွဲခန်းတွင် ဖန်တီးခဲ့သော ယင်းScreenအမျိုးအစားသည် နည်းပညာ နယ်ပယ်ကို ပြောင်းလဲပစ်နိုင်မည့်ခြေလှမ်းတစ်ရပ်သဖွယ်လည်း ယူဆလာနိုင်သည်။

လာ့စ်ဗီးဂက်စ်တွင် ပြုလုပ်နေသည့် နည်းပညာ ပြပွဲကြီးတွင် အဆိုပါ Screen နည်းပညာကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် သရုပ်ပြ စမ်းသပ် ပြသခဲ့သည်ကိုလည်း တွေ့ရသည်။ ကွန်ပျူတာများတွင် App အများအပြား ဖွင့်ထားသည့်အတိုင်း အဆိုပါ စက္ကူသဏ္ဍန် Screen (၁၀)ချပ်ကို ထပ်၍ ကိုင်ထားခြင်းဖြင့် လိုအပ်ရာ App ကို အလွယ်တကူ ရွေးချယ် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

ထို့အပြင် ယင်းScreenကို e-Bookအဖြစ်လည်း လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်ရန် မျှော်လင့် ထား သည်။ PaperTabsဟု အမည်ပေးထားသည့် အဆိုပါ နည်းပညာနှင့် ပတ်သက်ပြီး ကွင်းစ်တက္ကသိုလ်၏ Human Media ဓာတ်ခွဲခန်း ဒါရိုက်တာ ရိုအဲလ် ဗာတီဂါးလ်က "PaperTabs နည်းနည်းလောက်ကို သုံးလိုက်ရုံနဲ့ မှတ်တမ်းမှတ်ရာတွေ အများကြီးနဲ့ အလုပ်လုပ်ရတာထက် တော်တော်ကြီးကို ဝန်ပေါ့သွားနိုင် တယ်လေ"ဟု ရှင်းပြခဲ့သည်။ ပညာရှင်များသည် PaperTabတစ်ခုပေါ်တွင် ဓာတ်ပုံတစ်ပုံကို Draftဆွဲကာ Emailပေးပို့ပြီး ကျန်PaperTabတစ်ခုတွင် ရောက်ရှိနေသည်ကို လက်တွေ့ ပြသခဲ့သည်။

"(၅)နှစ်ကနေ (၁၀)နှစ်အတွင်း ကွန်ပျူတာ အများစု နေရာမှာ Ultra-notebookတွေနဲ့ Tabletတွေ အစား ထိုး ဝင်ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ဒီအရွက်ကလေးတွေက သိပ်အသုံးဝင်တဲ့ ရောင်စုံ ပုံနှိပ်စက္ကူလေးတွေလိုပဲ လိုက်ဖက်အသုံးဝင်လာမှာပါ"ဟု Intelမှ သုတေသန ပညာရှင် ရိုင်ယန် ဘရော့တ်မန်းက မှတ်ချက်ပြုသွားသည်။ CES 2013 နိုင်ငံတကာ အီလက်ထရောနစ်ထုတ်ကုန်နှင့် နည်းပညာပြပွဲကို အမေရိကန်ပြည်ထောင်စု လာ့စ်ဗီးဂက်စ်တွင် ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြု လုပ်ခြင်းဖြစ်သည်။

Planet Myanmar Network

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1