Saturday, January 12, 2013

အမေရိကန်နိုင်ငံ၌ အခြေစိုက်သည့် Teachers Across Borders (TAB) အဖွဲ့မှ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီပေးမည်

Ever November | 1/12/2013 04:01:00 PM | Best Blogger Tips

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် Denver ၌ အခြေစိုက်သည့် Teachers Across Borders(TAB) အဖွဲ့မှ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီပေးမည်ဟု သိရသည်။

ဇန်န၀ါရီလ ၂ ရက်နေ့က အဆိုပါအဖွဲ့အစည်းမှ မြန်မာအစီအစဉ် ညွှန်ကြားရေးမှူး ပါမောက္ခဒေါ်ဝင်းကြည်သည် ပညာရေးဝန်ကြီးဌာန ဒုတိဝန်ကြီး ဦးအေးကြူနှင့် လာရောက်တွေ့ဆုံခဲ့ပြီး ပညာရေးပြု ပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီပေးမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဒုတိယ၀န်ကြီးက ဆရာအတတ်သင် ပညာရေး သင်ရိုးညွှန်းတမ်းနှင့် အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းများကို ပြန်လည်ပြင်ဆင်ပြုစုရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာအတတ်သင် ပညာရေးဆိုင်ရာ သင်တန်းများ လာရောက်ပို့ချနိုင်ပါက လက်ခံလိုပါကြောင်းကိုလည်း  ဆွေးနွေးခဲ့သည်ဟု သိရသည်။ TAB အဖွဲ့သည် Non-profit အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားများကို ပညာသင်ကြားရာ၌ အထိရောက်ဆုံး နည်းလမ်းများဖြင့် သင်ကြားနိုင်ရန် ကူညီပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ တောင်အာဖရိကနိုင်ငံနှင့် မြန်မာနိုင်ငံများတွင်ရှိသည့် ဆရာ၊ ဆရာမများ သင်ကြားရေးနည်းစနစ်များ တိုးတက်စေရန်အတွက် Workshop များပြုလုပ်ပေးရန် စီစဉ်ထားသည်ဟု သိရသည်။

ရေးသားသူ -ကိုဟိန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1