Saturday, February 23, 2013

ရီးယဲလ်နှင့်ပွဲစဉ်အတွက် ဂျုံးစ်၏ အခြေအနေ မသေချာသေးဟု ဖာဂူဆန် ဝန်ခံ

Ever November | 2/23/2013 08:39:00 AM | Best Blogger Tips

ရီးယဲလ် မက်ဒရစ်နှင့် ကစားမည့် ချန်ပီယံလိဂ် ဒုတိယ အကျော့ ပွဲစဉ်တွင် နောက်ခံလူ ဖီးလ်ဂျုံးစ် ပါဝင်နိုင်ရန် မသေချာဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဝန်ခံ ပြောကြားခဲ့သည်။
အသက်(၂၁)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ကစားသမားသည် ရက်ဒင်းကို အနိုင်ရသည့် FAဖလား ပွဲစဉ်တွင် ဒဏ်ရာ ရခဲ့သည့်နောက် ပွဲအပြီးတွင် အကာအကွယ် ဖိနပ်ကြီးစီးပြီး ပြန်သွားသည်ကို တွေ့ခဲ့ရသည်။ ခြေကျင်းဝတ်တွင် ဒဏ်ရာ ရခဲ့သော ဂျုံးစ်သည် စနေနေ့ည QPRနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်ကိုမူ သေချာပေါက် လွဲချော်မည် ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် အတန်ငယ် နာမကျန်း ဖြစ်နေသည့် တိုက်စစ်မှူး ဝိန်းရွန်နီလည်း ပါဝင်နိုင်မည် မဟုတ်ကြောင်း ဖာဂူဆန်က ကြိုတင် ပြောဆိုထားသည်။
"ဂျုံးစ်ရဲ့ ဒဏ်ရာ အချိန်မီ သက်သာလာဖို့ အစွမ်းရှိသလောက်တော့ ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အခွင့်အလမ်းကတော့ ဖြစ်နိုင်ခြေရဲ့ အပြင်ဘက်မှာ ရှိနေတုန်းပဲ။ လောလောဆယ်တော့ ဒီထက် ကျွန်တော်တို့ ပိုမပြောနိုင်သေးဘူး။ ဂျုံးစ်ဟာ လူငယ်လေး တစ်ယောက်ပါ။ သူရဲ့ ဖျက်ထုတ်မှုတွေက အရဲစွန့်လွန်းပြီး ဟန်ချက်ပိုင်းမှာ မတည်ငြိမ်မှုလေးတွေ ရှိတယ်။ ဒီတစ်ပတ် QPRနဲ့ပွဲတော့ သေချာပေါက် သူလွဲမှာပါ။ ရီးယဲလ်နဲ့ ပွဲအတွက်တော့ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်"ဟု ဖာဂူဆန်က သုံးသပ် မှတ်ချက်ပြုသွားသည်။

ဂျုံးစ်သည် ပထမအကျော့ ဘာနေဗျူးတွင် ရီးယဲလ်ကို (၁)ဂိုးစီ သရေကျစဉ်က ရီးယဲလ်၏ အဓိက တိုက်စစ်သမား ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အပိုင်နိုင်ဆုံး လူကပ် ကစားပြခဲ့သလို လက်ရှိ မန်ယူအသင်း၏ အရေးပါသော ကစားသမားလည်း ဖြစ်လာသည်။ ဖာဂူဆန်က "ဂျုံးစ်ဟာ ဘောလုံး ဖျက်ထုတ်မှုမှာ အမြင်ထက်သန်တယ်။ သတ္တိရှိတယ်။ ဘရိုင်ယန် ရော့ဘ်ဆန်နဲ့ တော်တော်လေး ဆင်တယ်။ နှစ်ယောက်စလုံးက ဘောလုံးဖျက်ရာမှာ ကိုယ်ထိခိုက်နိုင်တယ် ဆိုတာမျိုးကို သိပ်မတွေးဘဲ အနာခံ ဖျက်ထုတ်တတ်ကြတယ်။ ဂျုံးစ်ရဲ့ သဘောကျစရာ အချက်တစ်ခုက ကိုယ်တာဝန်ယူ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ဘယ်သူဆိုတာ ဂရုကို မစိုက်တာပဲ။ သူဟာ ဘယ်သူနဲ့ ရင်ဆိုင်ရတာပဲဖြစ်ဖြစ် အကြောက်တရား လုံးဝ မရှိဘူး"ဟု တပည့်ဖြစ်သူအား ချီးကျူးသွားခဲ့သည်။
Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1