Saturday, February 23, 2013

၇ နှစ်ကြာ ဖန်တီးခဲ့တဲ့ ဂိမ်း - Sony PlayStation 4

Ever November | 2/23/2013 02:50:00 PM | Best Blogger Tips
(ဓာတ်ပုံ - www.theverge.com)

PlayStation 4 ဖန်တီးမှု အောင်မြင်သွားပြီလို့ Sony က ကြေညာလိုက်ပါပြီ။ အဲဒီလို
ကမ္ဘာ့တ၀န်း  ဂိမ်းပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကို ကြေညာလိုက်တာနဲ့တပြိုင်နက် ဆိုရှယ်ဝက်ဆိုဒ်တွေမှာတော့ ဂိမ်းချစ်သူတွေက PlayStation 4 အကြောင်း ဆွေးနွေးနေကြပါတယ်။
ဈေးကွက်ထဲရှိနေတဲ့ PlayStation 3 ထွက်ရှိခဲ့တာ ၂၀၀၆ ကတည်းကပါ။ အဲဒါထွက်ပြီး ၇ နှစ်အကြာမှသာ  ဂိမ်းချစ်သူ တွေမျှော်လင့်နေတဲ့ PlayStation 4 ကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

 ဒီ PlayStation 4 ကို PlayStation 3 စထွက်ကတည်းက ဖန်တီးနေခဲ့တာလို့ သိရပါတယ်။

 ထွက်ခဲ့ပြီးတဲ့စက်တွေထက်  အများကြီးအဆင့်ပိုမြင့်တဲ့ နည်းပညာတွေ ထည့်သွင်းဖို့ ကြိုးစားနေတာကြောင့် သာမန်ထက်ပိုကြာသွားရတာလို့  PlayStation 4 ကိုဖန်တီးတဲ့ မက်ခ် က ဆိုပါတယ်။

ဧည့်ခန်းတခုထဲမှာ ဂိမ်းစက် တခုထက် ပိုပြီးကြီးကျယ်တဲ့ စွမ်းဆောင်နိုင်စွမ်းတွေ ထည့်သွင်းထား၊ ထူးခြားတဲ့ နည်းပညာသစ်တွေ နဲ့  တင်ဆက်ထားတဲ့ PlayStation 4  ဘယ်အချိန် ဈေးကွက်ရောက်မလဲ ဆိုတာ ဂိမ်းချစ်သူတွေ မျှော်လင့်နေကြပါတယ်။

ဘယ်အချိန် ဈေးကွက်ပို့မယ် ဆိုတာကို Sony က မကြေညာသေးတာတော့ ထူးဆန်းနေပါတယ်။ စတင်ရောင်းမယ့်ရက် မကြေညာသေးသလို ဈေးနှုန်း ဘယ်လောက်ရှိမယ်ဆိုတာကိုလည်း ကြေညာခြင်း မရှိသေးပါဘူး။

ပိုပြီးထူးဆန်းတာကတော့ PlayStation 4 မိတ်ဆက်ပွဲ ၂နာရီအတွင်းမှာလည်း အသစ်ထွက်ရှိလာမယ့် စက်ရဲ့ နမူနာပုံစံကို ဖော်ပြသွားခြင်းမရှိတာပါပဲ။ ဂိမ်းစက်အတွင်းမှာပါရှိမယ့် နည်းပညာ အသစ်တွေကိုပဲ အဲဒီ ၂ နာရီအတွင်း ထုတ်ပြန်သွားတာပါ။

ဒါကြောင့် ဂိမ်းစက် ရဲ့ ပုံစံ ဘယ်အနေအထားရှိမယ်ဆိုတာလည်း PlayStation ချစ်သူများအတွက် ပဟေဠိ တပုဒ် ဖြစ်သွားသလို  ဂိမ်းချစ်သူများအချင်းချင်း ဆွေးနွေးစရာ ခေါင်းစဉ်တခုလည်းဖြစ်နေပါပြီ။

PlayStation ပရိသတ်တွေ စောင့်ရကျိုးနပ်အောင် Sony ကအကောင်းဆုံးဖန်တီးထားတယ်လို့ ဆိုပါတယ်။

ဂိမ်းစက်အသစ်မှာပါဝင်တဲ့ specification တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
                                   PlayStation 4 Specification (Photo-KotaKu)


Source: Techradar , KoTaKu

ဆောင်းဦးလင်း ~
irrawaddy blog
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1