Saturday, February 23, 2013

ယူရိုပါလိဂ်တွင် အင်တာနှင့် ရင်ဆိုင်ရမည့် ပွဲအတွက် စပါးမန်နေဂျာ ဘိုအာ့စ် စိတ်လှုပ်ရှားနေ

Ever November | 2/23/2013 08:49:00 AM | Best Blogger Tips

တော့တင်ဟမ် ဟော့စပါး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က အသင်းကို ယူရိုပါလိဂ် (၁၆)သင်းအဆင့်တွင် အင်တာမီလန်နှင့် ရင်ဆိုင် ကစားရမည့် ပွဲစဉ်အတွက် စိတ်လှုပ်ရှားနေမိကြောင်း ပြောကြားခဲ့သည်။
စပါးသည် ပြင်သစ်မြေတွင် အိုလံပစ် လိုင်ယွန်ကို (၁)ဂိုးစီ သရေ ကစားခဲ့သည့်နောက် (၂)ကျော့ပေါင်း ရလဒ် (၃-၂)ဖြင့် နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။ ထိုအဆင့်တွင် စပါးသည် အီတလီ ထိပ်တန်းကလပ် အင်တာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ပြင်သစ်မြေတွင် စပါးအတွက် အဖိုးတန်ဂိုးကို ဘယ်လ်ဂျီယံ ကွင်းလယ် တိုက်စစ်သမား မူဆာ ဒမ်ဘီလီက သွင်းယူပေးခဲ့သည်။ ပေါ်တူဂီသား မန်နေဂျာက "ကျွန်တော်တို့ လိုင်ယွန်ကို ကျော်ဖြတ်ခဲ့ပါပြီ။ ခုတော့ အင်တာနဲ့ ရင်ဆိုင်ရပါတော့မယ်။ ပွဲစဉ်တွေကတော့ စိတ်ဝင်စားစရာပါပဲ"ဟု မှတ်ချက်ပြုခဲ့သည်။
ဘိုအာ့စ်၏ အသင်းသည် နောက်လထဲတွင် အင်တာနှင့် နှစ်ကျော့လုံး ကစားရမည် ဖြစ်သည်။ ယင်းနှင့် ပတ်သက်ပြီး ဘိုအာ့စ်က "အင်တာကို ကျွန်တော်တို့ နိုင်နိုင်မလား။ အသေအကြေ ခက်ခဲမှာတော့ အမှန်ပဲ။ ဒါပေမဲ့ နှစ်ပွဲလုံးကို အနိုင်ရဖို့ဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ ချဉ်းကပ်မှာပါ။ ချန်ပီယံလိဂ်မှာ အင်တာနဲ့ ကျွန်တော်တို့ အကောင်းဆုံး နှစ်ကြိမ် ကစားဖူးတယ်။ အဲဒီတုန်းက အခြေအနေမျိုးတွေ ပြန်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အင်္ဂလန် ကလပ်တစ်ခုရဲ့ အရည်အသွေးကို ကျွန်တော်တို့ ပြချင်တယ်။ အသင်းသားတိုင်းကလည်း ယူရိုပါလိဂ်အတွက် စိတ်ထက်ထက်သန်သန်နဲ့ ဆူဆူညံညံ ဖြစ်နေပါပြီ"ဟုလည်း ပြောကြားခဲ့သည်။

၎င်းက "အင်တာဟာ ချန်ပီယံလိဂ်မှာ မကြာသေးခင် နှစ်ပိုင်းကမှ ဆုဖလား ရယူပြထားတဲ့ အသင်းပါ။ အခြေခံအားဖြင့် အဲဒီတုန်းက အသင်းနဲ့ လက်ရှိအင်တာ အများကြီး မကွဲပြားသွားသေးပါဘူး။ ကျွန်တော်တို့အတွက်တော့ ပွဲကောင်းတစ်ပွဲ ရင်ဆိုင်ရတာပါ။ ဒီအတွက် ကျွန်တော် ပျော်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1