အစိုးရရုံးစိုက်တဲ့ နေပြည်တော်မြို့ကို လေယာဉ်ပေါ်က မြင်ရပုံ
နေပြည်တော် ဒက္ခိဏသီရိ၊ ဇဗ္မူသီရိ နဲ့ ဥတ္တရသီရိမြို့နယ် အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၃၀ ကျော် ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက နှုတ်မိန့်နဲ့ ညွှန်ကြားထားပြီး ငါးရက်အတွင်း မဖျက်သိမ်းတဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို သစ်တောဥပဒေ၊ လယ်ယာမြေ ဥပဒေတွေနဲ့ တရားစွဲသွားမယ်လို့ သိရပါတယ်။
တရားဝင်ဘုန်းကြီးကျောင်း ၅ ကျောင်းနဲ့ တရားမဝင်ဘုန်းကြီးကျောင်း ၂၆
ကျောင်းတို့ကို ဖျက်ပေးဖို့ အဲဒီကျောင်းတွေမှာ သီတင်းသုံးနေတဲ့
သံဃာတော်တွေကို လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁
ရက်နေ့က သစ်တောဌာန၊ လယ်/ဆည်ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးနဲ့
သံဃာ့နာယက အဖွဲ့တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြောဆိုတာဖြစ်တယ်လို့
ဆရာတော်တွေက မိန့်ပါတယ်။
အခု သက်ဆိုင်ရာ အာဏာပိုင်တွေက ဖယ်ရှားဖျက်သိမ်းခိုင်းနေတဲ့ ဇဗ္မူသီရိ၊
ဒက္ဒိဏသီရိနဲ့ ဥတ္တရသီရိမြို့နယ် အတွင်းက ဘုန်းတော်ကြီးကျောင်းတွေရဲ့
အနီးအနားမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တုန်းကလည်း
သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောနယ်မြေကျူးကျော်ဆိုပြီး
ဘုန်းကြီးကျောင်းတစ်ချို့ကို မီးရှို့ခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့တယ်လို့
ဘုန်းတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ သိရပါတယ်။
RFA
No comments:
Post a Comment