Wednesday, February 27, 2013

နေမာကို ဘာစီလိုနာ စိတ်ဝင်စား နေဆဲဟု အသင်း ဒုဥက္ကဋ္ဌ အတည်ပြု

Ever November | 2/27/2013 12:59:00 PM | Best Blogger Tips

ဘာစီလိုနာ အသင်း အနေဖြင့် နေမာကို ခေါ်ယူရန် ဆက်လက် ဆန္ဒ ရှိနေဆဲဟု အသင်း ဒုတိယ ဥက္ကဋ္ဌ ဂျိုးဆက် ဘာတိုမြူက အတည်ပြု ပြောကြားလိုက်သည်။

ကာတာလန် အခြေစိုက် ကလပ်အသင်းကြီးသည် ဆန်းတို့စ်မှ ဘရာဇီးလ် တက်သစ်စ လူငယ် တိုက်စစ်မှူးလေးကို ပြီးခဲ့သည့် နွေရာသီ ဈေးကွက် အတွင်းက အလေးအနက် ချိတ်ဆက်ခဲ့သည်။ ရီးယဲလ်မက်ဒရစ်၊ ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများကလည်း အသက်(၂၁)နှစ်ရှိ ကစားသမားလေးကို စိတ်ဝင်စားလျှက် ရှိနေရာ ဘာမြူတိုက မိမိတို့သည်လည်း နေမာအပေါ် သက်ရောက်ခဲ့သော အာရုံကို လွှဲဖယ်ခြင်း မရှိသေးဟု ပြောဆိုသွားခြင်း ဖြစ်သည်။ ဘာမြူတိုက နေမာအနေဖြင့် လက်ရှိ ကလပ်မှ ထွက်ခွာလိုခြင်း ရှိမရှိ အခြေအနေကိုသာ မိမိတို့ စောင့်ဆိုင်းနေခြင်းဟု ဆိုသည်။
"တကယ်တော့ နေမာဘက်က တစ်ခုခု ခြေလှမ်း စသင့်တာပါ။ ဆန်းတို့စ်ကို ကျောခိုင်းဖို့ သူအဆင်သင့် ဖြစ်ပြီလား။ တကယ် ဖြစ်လာပြီဆိုရင် ဘာစီလိုနာဘက်က သူ့ကို စာချုပ် ခေါ်ယူမယ့် ကိစ္စကို ကြိုးစားဖို့ အသင့်ပါပဲ။ ကျွန်တော်တို့ အသင်းရဲ့ နည်းစနစ်ဆိုင်ရာ ဝန်ထမ်းတွေက သူ့ကို သဘော ကျပါတယ်" ဟု ဘာမြူတိုက ပြောကြားခဲ့သည်။ ၎င်းက "ကိုယ့်အသင်းက စိတ်ဝင်စားတဲ့ ကစားသမား တစ်ယောက်ကို ခေါ်ယူနိုင်တာဟာ အမြဲတမ်းလိုလို ကျေနပ်ဖို့ ကောင်းပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ဘာမှ မပြောလိုသေးပါဘူး။ ရာသီကုန်မှာတော့ အပြောင်းအရွှေ့ ဈေးကွက်ကို ပြန်ပြီး အာရုံ စိုက်ပါမယ်" ဟုလည်း ဖွင့်ဟသွားသည်။
နေမာသည် (၂၀၁၄)ခုနှစ်ထိ ဆန်းတို့စ် အသင်းတွင် စာချုပ်သက်တမ်း ကျန်ရှိနေဆဲ ဖြစ်ပြီး အစောပိုင်းက မန်စီးတီးသည် ၎င်းကို နွေရာသီ ဈေးကွက်ဖွင့်ချိန်တွင် ပေါင်စတာလင် သန်း(၅၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1