Wednesday, February 27, 2013

သြစတြေးလျအရှေ့ပိုင်းတွင် မိုးသည်းထန်ပြီး ရေလွှမ်း

Ever November | 2/27/2013 01:10:00 PM | Best Blogger Tips

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းရှိ ပြည်သူထောင်ပေါင်းများစွာတို့သည် ဒေသတွင်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည့် မိုးသက်မုန်တိုင်းနှင့် လေဆင်နှာမောင်းများ ဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ ၄င်းတို့၏ နေအိမ်များနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့ရကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က ပရက်စ်တီဗွီ သတင်းတွင် ဖော်ပြသည်။ သြစတြေးလျနိုင်ငံတွင် မိုးများ သည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ရေလွှမ်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ လူပေါင်း ၂ဝဝဝဝ ခန့်သည် နယူးဆောက်ဝေးပြည်နယ် မြောက်ပိုင်း ကမ်းခြေတွင် အဆက်အသွယ် ပြတ်တောက်နေခဲ့ကြောင်း အရေးပေါ် အခြေအနေအဖွဲ့က ပြောကြားခဲ့သည်။ အဆက်အသွယ် ပြတ်တောက်သော နေရာဒေသများရှိ ရေဘေး ဒုက္ခကြုံနေသော ၂ဝဝဝဝ ခန့်အား ကူညီရန်အတွက် စောင့်ကြည့်လျက်ရှိကြောင်း အရေးပေါ် အခြေအနေအဖွဲ့က ပြောကြားသည်။ (ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1