Wednesday, February 27, 2013

မိမိနှင့် ထိခိုက်သဖြင့် ဆေးရုံ ရောက်နေသည့် ပြိုင်ဘက်ထံ ဒရော့ဂ်ဘာ သွားရောက်လည်ပတ်

Ever November | 2/27/2013 12:48:00 PM | Best Blogger Tips

မိမိနှင့် ထိခိုက် မိသဖြင့် ဆေးရုံ တက်နေရသော ပြိုင်ဘက် ကစားသမားထံသို့ ဒီဒီရာ ဒရော့ဂ်ဘာ အလည်အပတ် သွားရောက်ခဲ့ကြောင်း သိရှိရသည်။
တူရကီ ကလပ် ဂါလာတာဆာရေးသို့ ဆောင်းရာသီ ဈေးကွက် အတွင်းက ပြောင်းရွှေ့လာသည့် အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူးသည် အော်ဒူစပေါ ခံစစ်မှူး ဒေးဗစ် ဘာရယ်လ်ထံ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ တူရကီ ခံစစ်မှူး ဘာရယ်လ်သည် ဒရော့ဂ်ဘာနှင့် ဘောလုံးယှဉ်လုရင်း ခေါင်းချင်းယှဉ်တိုက်ရာမှ ထိခိုက် ဒဏ်ရာရခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် ထောင့်ကန်ဘောကို အပြိုင်ယှဉ်၍ ခေါင်းတိုက်ကြရင်း ဘာရယ်လ်ကို ထိခိုက်နာကျင် သွားစေခြင်း ဖြစ်သည်။ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာသည် တနင်္လာနေ့က ဘာရယ်လ်ထံ သွားရောက် တွေ့ဆုံခဲ့သည်။
ဂါလာတာဆာရေးသည် (၂)ဂိုး ရှုံးနေရာမှ (၄)ဂိုးပြန်သွင်းကာ အော်ဒူစပေါ အသင်းကို အနိုင်ရခဲ့သည့်နောက် ဒုတိယ နေရာမှ ဖီနာဘာချီကို (၆)မှတ် ဖြတ်ထားလိုက်ပြီ ဖြစ်သည်။ ယခုပွဲတွင် ဒရော့ဂ်ဘာကဲ့သို့ပင် ဆောင်းရာသီ ဈေးကွက်အတွင်းကမှ အသင်းပြောင်းလာသည့် အင်တာမီလန်နှင့် ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း ဝက်စ်လေရှနိုက်ဒါက ဂါလာတာဆာရေးအတွက် (၂)ဂိုး သွင်းယူခဲ့သည်။ ဒရော့ဂ်ဘာသည် တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာတွင် ရာသီဝက် ကစားပြီးနောက် စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်ခဲ့သည့်အတွက် ဥရောပသို့ တစ်ကျော့ပြန် ခြေချလာသူ ဖြစ်သည်။  
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1