Saturday, February 23, 2013

February 22 ရက် မှ 28 ရက်အထိ (၇) ရက်သားသမီး ဟောစာတမ်း

Ever November | 2/23/2013 03:08:00 PM | Best Blogger Tips
တနင်္ဂနွေ
ဖေဖေါ်ဝါရီ ၂၃ ၊ ၂၄ ရက်တို့တွင် ဆန္ဒစောမှု ၊ စိတ်မြန်ကိုယ်မြန် လုပ်ကိုင်ရမှု့ တို့ဖြင့် ဆောင်ရွက်နေရတတ်သည်။ ကတိပျက် ကွက်မှု့ တွေကြောင့် လည်း သူတစ်ပါး၏ အပြစ်တင်ခြင်းခံရတတ်သည်။ အချစ်ရေး ၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်ရတတ်သည်။ အလုပ်မှာလည်း စိတ်ရှုပ်ရတတ်သည်။ ပစ္စည်းပျောက်ခြင်း ငွေလိမ်လူလိမ် ခံရတတ်ခြင်း ဖြစ်မည်။ ကိုယ်ရေးကိုယ်တာ တွေရှုပ်ရတတ်တယ်။
ဖေဖေါ်ဝါရီ ၂၅၊၂၆၊၂၇၊၂၈ ရက်တွေမှာတော့ စိတ်တွေ အေးဆေးလာပါပြီ။ သို့ပေမဲ့ ပစ္စည်းအ၀ယ်မှားခြင်း ၊ အတိုက်အခံ တစ်ခု ကြုံရခြင်းတို့ ဖြစ်တတ်၍ ဂရုစိုက်ပါ။ အချစ်ရေး မှာ တစ်ယောက်မက စွဲလန်းသူတွေ့မည်။ ရုတ်တရက်သွားရသော ခရီးတွေရောက်မယ်။ သူတစ်ပါး အရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်တယ်။ ငွေဝင် ၊ ငွေထွက်ကြမ်းနေမည်။ စက် ၊ ရွှေ ၊ မြေတို့ ၀င်ထွက်မှုဖြစ်မည်။ စပ်တူ အလုပ်တို့စကားပြောရမည်။ အဒေါ် ၊ ဦးလေးတို့ အတွက် စိတ်ရှုပ်ရတတ်သည်။ စာချုပ်ခြင်း ၊ ၀န်ခံခြင်းတို့ ကို ဂရုစိုက်ပါ။
အကျိုးပေးသောနံပါတ်            - ၁၊ ၅၊ ၇ ။
အထူးဟော               - သတိတစ်ခု ထားပါ။
ယတြာ           - တနင်္ဂနွေနေ့ တွင် မြောက်အရပ်ရှိ လမ်းကို သန့်ရှင်းရေးလုပ်ပါ။
 
တနင်္လာ
 
ဖေဖေါ်ဝါရီ ၂၂ မှ ၂၅ ရက်ကြား တွင် မိသားစု အရေး ၊ သားချင်းအရေးတွေ စိတ်ရှုပ်နေရတတ်သည်။ ခရီးယာယီ သွားရမည်။ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ချင်လာမည်။ မလုပ်သင့်သေးပါ။ လူယုံမထားရ။ လူလိမ် ၊ ငွေလိမ်ခံရတတ်သည်။ ထီပေါက်ကိန်းရှိ၍ ထီထိုးရန်မမေ့ပါနှင့် (သို့မဟုတ်) ထီပေါက်သကဲ့သို့ ငွေဝင်ကိန်းရှိသည်။ အလုပ်အကိုင် တစ်ခု လက်ခံရလိမ့်မည်။ လုပ်ငန်း အကြီးအကဲက ခေါ်လိမ့်မည် ။ ကောင်းကျိုးပေးမည်။ အဆင်ပြေမည်။ အချစ်ရေးအဆင်ပြေမည်။ လက်ထပ်ခွင့်တောင်းပါမည်။ အိမ်ထောင်ရေးသာယာမည်။ အိမ် ၊ မြေတို့ရောင်းထွက်မည်။ အသစ်ဝင်မည်။ ဖေဖေါ်ဝါရီ ၂၆ မှ ၂၈ ကြား မရေမရာ မသေချာဖြစ်နေတတ်သည်။ ဆုံးဖြတ်ချက်ကို လျင်မြန်စွာမချသင့်ပါ။ အားနာမှုကိုဂရုစိုက်ပါ။ ၀မ်းဗိုက်မကောင်းဖြစ်တတ်သည်။ စေတနာက ဝေဒနာ ဖြစ်တတ်သည်။ ဂရုစိုက်ပါ။ ငွေကုန်ကျများနေမည်။ ၀င်စရာ၊ရစရာငွေတို့ရလာမည်။ စပ်တူရှယ်ယာမလုပ်သင့်ပါ။ ငွေပေးမချေးရ။ ပြန်မရတတ်ပါ။
 
အကျိုးပေးဂဏန်း         - ၂၊ ၄၊ ၈။
အထူးဟော               -လူယုံမထားရ။
ယတြာ           - တနင်္လာနေ့တွင်ငှက်ကလေးတွေကို အစာကျွေးပါ။
 
အင်္ဂါ
 
ဖေဖေါ်ဝါရီ ၂၂ မှ ၂၄ ကြား မိမိကိုယ်တိုင် ဘာမှန်းမသိသလိုဖြစ်နေမည်။  စိတ်တည်ငြိမ်မှု့ မရှိဘဲ စိတ်လှုပ်ရှားမှု တွေဖြစ်နေမည်။ မိသားစု ၏ ယုံကြည်မှု နည်းပါးခြင်း ခံရတတ်သည်။ သံသယ နှင့် အကြည့်ခံနေရတာမျိုးဖြစ်မည်။ ငွေဝင် ငွေထွက် ကြမ်းနေမည်။ ခရီးယာယီ သွားရမည်။ တစ်ယောက်သော ချစ်သူ က လက်ထပ်ရန် တောင်းဆို လာမည်။ ယူ၍ မဖြစ်နိုင်ခြင်း နှင့် အတိုက်အခံတွေကြုံခြင်း ဖြစ်နေမည်။ သူတစ်ပါး အပြစ်တင် ဝေဖန်ခြင်းခံရမည်။ အိမ်ရှိလူတို့ အပြင်ထွက် ကြမည်။ ဖေဖေါ်ဝါရီ ၂၅ မှ ၂၈ ကြား တွင် ချစ်သူ တစ်ယောက် က သင်၏ မပြတ်သားမှု့ ကြောင့် သင့်ကို စွန့်ခွာ မှု့ဖြစ်လိမ့်မည်။ လုပ်ငန်းတွေ လုပ်ရန် ကြွေးတွေယူရလိမ့်မည်။ စက်ပစ္စည်း အပြောင်းအလဲ မြင်တယ်။ ဆင်ခြင်ပါ။ ၀မ်းဗိုက် မကောင်းဖြစ်မည်။ ရေလမ်းခရီးမသင့်ပါ။ လူယုံမထားသင့်ပါ။ ထီပေါက်မည်။ ၉ ထိပ်ဖြင့်ထီထိုးပါ။ ၅ ၊ ၆ ၊၇ ပိတ်ပါ။
 
အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၇။
အထူးဟော               - သတိတရား လက်ကိုင်ထားပါ။
ယတြာ           - အင်္ဂါနေ့နံနက်တွင် တောင်အရပ်က သံဃာတော်ကို ဆွမ်းကပ်ပါ။
 
ဗုဒ္ဒဟူး
 
ဖေဖေါ်ဝါရီ ၂၂ မှ ၂၅ ကြားတွင် ရှုပ်နေသော စိတ်များ ဒေါသထွက်စရာစိတ်များ  အတတ်နိုင်ဆုံးသည်းခံ ဖြေရှင်းသွားနေရမည်။ ဆိုင်ကယ် ၊ ကား ဂရုစိုက်မောင်းပါ။ ချိက်မိတတ်သည်။ အားနာမှု့ ဂရုစိုက်ပါ။ အားနာလို့ နောက်တစ်ယောက် နှင့် ချစ်မိမယ်။ လက်ဆောင်ရမည်။ စက်ပစ္စည်း ၀င်မည်။ လူလိမ် ငွေလိမ်ခံရတတ်သည်။ ပညာရေးကောင်းမယ်။ ထီထိုးပါ။ ထီပေါက်မည်။ ၅ ထိပ်နှင့်ထိုးပါ။ ၆၊၇၊၈ ပိတ်ပါ။ ဆန္ဒမစော နှင့် သတိမလွတ်နှင့် အားနာမှု့ကို ဂရုစိုက်ပါ။
ဖေဖေါ်ဝါရီ ၂၆ မှ ၂၈ ရက် အတွင်း ကံကောင်းတယ်။ ၀မ်းသားစရာ သတင်းကြားရမည်။ ဆရာသမား မိဘတို့က ချီးကျုးခြင်းခံရမည်။ အလုပ်အကိုင် အဆင်ပြေမည်။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေမည်။ သူတစ်ပါးရဲ့ ယုံကြည်အားကိုးခြင်း ခံရမည်။ ရစရာငွေတို့ရမည်။ ခေါင်းဆောင်တင်ခံရမည်။
 
အကျိုးပေးဂဏန်း         - ၃၊ ၄၊ ၅။
အထူးဟော               - ဆန္ဒမစောနှင့်။
ယတြာ           - ဗုဒ္ဒဟူးနေ့ မနက်တွင် ဘုရားကို  ရေးအေး (၁၇) ခွက် လှူပါ။
 
ကြာသပတေး
 
ဖေဖော်ဝါရီ ၂၂ရက် ၊ ၂၃ ရက်  ၊ ၂၄ ရက် တွင် လမ်းသွားလျှင် ကြည့်သွားပါ။ ခလုတ်တိုက်မိ မည်။ ကား ၊ ဆိုင်ကယ် ပွတ်တိုက် မိမည်။ အတွေးမလွန်စေနှင့်။ အချစ်ရေးမှာ တဖက်မုန်း တစ်ဖက်ချစ်ဖြစ်မည်။ ပြတ်သားမှု ပြုသင့်ပါတယ်။ လုပ်ငန်းပြောင်းလဲမှု့ လုပ်ငန်းသစ်စတင်မှု့ တို့ ဖြစ်မည်။ မပြုသင့်ပါ။ စက် ၊ မြေ ၊ ငွေ ၀င်မည်။ အဟောင်းထွက်မည်။ အသက်ကြီးပိုင်းချမ်းသာမည်။
ဖေဖေါ်ဝါရီ ၂၅ မှ ၂၈ ကြားသင်၏ ဆောင်ရွက် မှု့တွေ အောင်မြင်မည်။ လက်ထပ်ဖြစ်မည်။ (သို့မဟုတ်) ခိုးပြေးဖြစ်မည်။ နှစ်ဖက်မိဘတို့ သဘောမတူဖြစ်မည်။ ကျန်းမာရေးဂရုစိုက်ပါ။ လူလိမ် ငွေလိမ် ခံရမည်။ စကားပြောဆင်ခြင်ပါ။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်မည်။
 
အကျိုးပေးဂဏန်း         - ၅၊ ၀၊ ၁။
အထူးဟော               - သူများစကားနားမယောင်ပါနှင့်။
ယတြာ           - ကြာသပတေးနေ့နံနက်တွင် ပေါက်ပေါက်ဆုပ် ၅ လုံးကို ဘုရားလှူပါ။
 
သောကြာ
ဖေဖော်ဝါရီ ၂၂ မှ ၂၅ ရက်ကြား တယူသန်တဇွတ်ထိုး မလုပ်နှင့်။ သူများပြောတိုင်းမယုံနှင့်။ ဆန္ဒ စောပြီး ဇွတ်မလုပ်နှင့်။ ဂရုစိုက်ပါ။ မလိုအပ်ဘဲ ငွေကုန်ပေါက်တွေ မြင်တယ်။ သူများရည်းစားနှင့် ကိုယ်ရတတ်သည်။ ကွက်ကျော်မြင်တတ်သော်လည်း အကဲခတ်ညံ့၍ သင်ခံရတတ်သည်။ အလုပ်မှာ စိတ်ရှုပ်ရတတ်သည်။ ခြေ ၊ လက် ဂရုစိုက်ပါ။ ဖေဖေါ်ဝါရီ ၂၆ မှ ၂၈ ကြား ဆောင်ရွက်မှု့တွေအောင်မြင်မည်။ ကြိုးစားမှု့တွေ အောင်မြင်မည်။ ဖြေဆိုမှုတွေအောင်မြင်မည်။ တခုလပ် ၊ မုဆိုးဖို ၊ မုဆိုးမ ဂရုစိုက်ပါ။ ငြိတတ်သည်။ ညခရီးမသွားသင့်ပါ။ ခိုက်မိတတ်သည်။ ဆွေမျိုးသားချင်း အတွက် စိတ်များ ရတတ်သည်။ အလုပ်အကိုင်ရာထူးတက်မည်။ လစာတိုးမည်။ အလုပ်ပြောင်းရမည်။
 
အကျိုးပေးဂဏန်း         - ၆၊ ၇၊ ၈။
အထူးဟော               - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ           - သောကြာနေ့နံနက်တွင် မြောက်အရပ်ရှိ လမ်းကို သန့်ရှင်းရေးလုပ်ပေးပါ။
 
စနေ
 
ဖေဖော်ဝါရီ ၂၂ရက်မှ ၂၅ရက်ကြား လုပ်ဆောင်ချက်များ ဆောင်ရွက်မှု့များ အလင်းရောင်ပေါ်လာမည်။ ဆက်လုပ်ပါ ပို၍ အောင်မြင်မည်။ ကံကောင်းသတင်း တွေကြားရမည်။ လုပ်ငန်း ၃ မျိုး ထိလုပ်ရမည်။ လုပ်ငန်း ၂ မျိုး အောင်မြင် ၊ ပေါက်မည်။ ကိုယ်ပိုင်လုပ်ငန်း ကြီးမား ခြင်းကြီးပွားခြင်း ဖြစ်မည်။ စီးပွားရေး အကျိုးဆောင်လုပ်ငန်း တွေ အကျိုးပေးမည်။ ရာထူးတက်မည်။ လုပ်ငန်းချဲ့မည်။ အချစ်ရေး အိမ်ထောင်ရေး ကောင်းမည်။ လက်ထပ်ခွင့်တောင်းမည်။ အားလပ်မှု့ မရှိခြင်း နှင့် လက်ထပ်ရန် အချိန်မပေးနိုင်၍ နှစ်ကုန်ပိုင်း ထိ ရွှေ့ဆိုင်းမှု့ဖြစ်လာမည်။ စက် ၊ မြေ ၊ အလုပ်နေရာ အခန်း တို့ဝင်လာမည်။ ကောင်းတယ။် သူများကြားအရမ်းမ၀င်ပါနှင့်။ ညှပ်တတ်သည်။ ထီထိုးလိုက်ပါ။ ပေါက်မည်။ ၇ ထိပ် ၂ ထိပ် ဖြင့် ပေါက်မည်။  ဖေဖေါ်ဝါရီ ၂၆ မှ ၂၈ ကြား လှုပ်ရှားမှု့ များ ၏ အကျိုးကျေးဇူး တွေ ရလာပါပြီ။ ဆောင်ရွက်မှု့များ တိုးချဲ့ပါ။ ငွေဝင်လာမည်။ ခရီးများမည်။ ထိခိုက်ရှနာ ချော်လဲ လိမ့်ကျမှု ကားဆိုင်ကယ် ပွတ်တိုက်မှု့ တို့ ဖြစ်တတ်ပါတယ်။ ငွေကြေးပစ္စည်း ပျောက်တတ်တယ်။ ဂရုစိုက်ပါ။ မရောက်ဘူးသောခရီး မပေါင်းဘူးသော မိတ်ဆွေ မလုပ်ဘူးသော အလုပ် တို့လုပ်ရတတ်သည်။ ကမ်းလှမ်းသူတို့ ဒု နှင့်ဒေး ဖြစ်လာမည်။ ပျော်ရွှင်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်။ ဆွေမျိုး သားချင်းအတွက် အလုပ်နှင့် အချိန်မျှပေးရမည်။ ကံကောင်းပါတယ်။
 
အကျိုးပေးဂဏန်း         - ၇၊ ၉၊ ၁။
အထူးဟော               - ကြိုးစားမှု့တိုင်းအောင်မြင်မှု့ရနေမည်။
ယတြာ           - စနေနေ့တွင် လမ်းဘက်ထွက်၍ ကြွလာသော သံဃာတော်ကို အကြော် ဆွမ်းလှူပါ။

ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1