Saturday, February 23, 2013

R ဇာနည် ကျန်မားရေး ပြန်လည်ကောင်းမွန် လာပြီ

Ever November | 2/23/2013 03:13:00 PM | Best Blogger Tips

မကြာမီ ရက်ပိုင်း အတွင်းက အဆိုတော် R ဇာနည် တစ်ယောက် အောက်ပိုင်းသေ သွားပြီးသီချင်း မဆိုနိုင် တော့ ဘူးဆိုတဲ့ သတင်းအပေါ် စိတ်ဝင်စား၊ စိတ်ပူတဲ့ ပရိသတ်များ 8 Days ဂျာနယ်သို့ ဖုန်းဆက် မေးမြန်း ကြပါတယ်။ အဲဒီအချိန် အတွင်း R ဇာနည် ကျန်းမာ ရေးကြောင့် ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။ ယခုဆိုရင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ ပြီဖြစ်ပြီး မြန်မာနိုင်ငံမှ သူ့ပရိသတ် များနဲ့အတူ သူ့ရဲ့ သားလေးကိုလည်း လွမ်းတာကြောင့် အမြန်ဆုံး ပြန်လာနိုင်ဖို့ ကြိုးစားနေ တယ်လို့ သိရပါတယ်။ R ဇာနည် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ် တစ်ယောက်လည်း ဖြစ်ပုံရပါတယ်။
ဖေဖော် ဝါရီ ၁၈ရက် နေ့ဟာ ကစားသမား ဘဝတစ်ခုလုံး တခြားဘယ်အသင်းကိုမှ ပြောင်းသွားခဲ့ခြင်း မရှိဘဲမန် ချက်စတာ ယူနိုက်တက်ရဲ့ ညာနောက်တန်းခံ စစ်က စားသမား ဘ၀မှာ မြုပ်နှံထားခဲ့တဲ့ ဂန္ထဝင် ကစားသ မားကြီး ဂယ်ရီနဗီးလ်ရဲ့ (၃၈)နှစ် မြောက်မွေး နေ့ဖြစ် ပါတယ်။ အသင်းကနေ အနားယူသွားပြ ဖြစ်ပေမယ့် ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကို ယနေ့ထက် တိုင်ရရှိ နေဆဲ ကစားသမားတစ်ဦး လည်းဖြစ်ပါတယ်။
ဂယ်ရီနဗီးလ်ကို R ဇာနည် က သူ့ Facebook စာ မျက်နှာထက်မှာ မွေးနေ့ဆုတောင်း ပေးခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ကR ဇာနည်က မွေးနေ့ဆုမွန် ကောင်းတောင်းသလို Rဇာနည်ရဲ့ ပရိသတ်တွေကလည်းR ဇာနည် ကျန်း မာရေးပြန်လည် ကောင်းမွန်စေဖို့ လက်ရှိ ဝမ်းတင်ထားတဲ့ Facebook စာမျက်နှာထက်က R ဇာနည်ရဲ့ပုံရိပ်တွေမှာ Comment တွေရေးခဲ့ကြပါတယ်။
R ဇာနည်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ နဲ့ပုံရိပ်များကို သူ၏ဇနီးဖြစ် သူ ဝမ်း က Facebook စာမျက်နှာထက် မှာတင်ပြခဲ့တာကြော R ဇာနည် ပရိသတ်အတွက် 8Days မှ တစ် ဆင့် ပြန်လည်ဖော်ပြ လိုက်ပါတယ်။
8 Days Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1