Friday, March 1, 2013

ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ

Ever November | 3/01/2013 02:43:00 PM | Best Blogger Tips
ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယို မိန့်ခွန်း ထဲမှာ ပြော သွားပါတယ်။

"မကြာခင်ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်း ချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်"

"သက်သာတဲ့ ဈေးနှုန်း" က ဘယ်လောက်လဲ ဆိုတာ သမ္မတ မိန့်ခွန်းထဲမှာ ထည့်မပြောသွားပါဘူး။

ရန်ကုန်မှာ GSM ဆင်မ်ကတ် တခု ပေါက်ဈေးက နှစ်သိန်း ဖြစ်ပါတယ်။

နှစ်သောင်းနဲ့ရောင်းမယ်လို့ သတင်းထွက်နေကြောင်း တချို့က ဆိုပါတယ်။ အဲဒါဆိုရင် ဈေး ဆယ်ဆ ကျသွားတဲ့ သဘောပါ။

ဆင်မ်ကတ် တခု နှစ်သောင်း ဆိုတာ ၀ယ်ချင်သူတွေဘက်က လတ်တလော ပေးချင်တဲ့ဈေး လည်း ဖြစ်နိုင် ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကတ်တခု ငါးထောင်နဲ့ရောင်းဖို့ စီစဉ်မယ်လို့ ကုမ္ပဏီတခုက အော်ချက် ထုတ်ဖူးပါတယ်။ ခုချိန်ထိတော့ ဖုန်းကတ်ဈေး ငါးထောင်အထိ ချပေးဖို့တော့ အရိပ်အယောင် မမြင်ရသေးပါ။

သို့သော်လည်း ဆက်သွယ်ရေးအတွက် ကြိုးစားနေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

"ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီ အမံများ ထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ... ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်" လို့ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်း ထုတ်လွှင့် ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီအစိုးရက ၂ နှစ်အတွင်း ဆင်မ်ကတ်ဈေး ကျပ်ထောင်ဂဏန်းဖြစ်အောင် လုပ်ပေးမယ် ဆိုရင် ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားရမယ်လို့ ယူဆရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆင်မ်ကတ် တခု ပေါက်ဈေးက ကျပ် တထောင်ထက် မပိုပါ။

ဆင်မ်ကတ် အခမဲ့ ဝေငှတာမျိုးကိုလည်း မကြာခဏ တွေ့ရပါတယ်။

  ဧရာဝတီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1