Friday, March 1, 2013
မြောက်ကိုရီးယား နျူကလီးယားလက်နက်များ အမေရိကန်နိုင်ငံအထိ ရောက်အောင် ပစ်ခတ်နိုင်
Ever November | 3/01/2013 02:30:00 PM |
နိုင်ငံတကာသတင်း
ပြုံယမ်း၏ နျူကလီးယား လက်နက်များသည် အမေရိကန်နိုင်ငံ ဗဟိုချက်အထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်း ရှိကြောင်း မြောက်ကိုရီးယားက ပြောကြားသည်။ ၀ါရှင်တန်အနေဖြင့် ကျူးကျော်ရန်စလာလျှင် နျူကလီးယား ဒုံးလက်နက်များ အမေရိကန်နိုင်ငံအရောက် ပစ်ခတ်နိုင်ကြောင်း ကိုရီးယား ငြိမ်းချမ်းရေး ကော်မတီဝင်တစ်ဦးက ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားဝင် ၀က်ဘ်ဆိုက်၌ လွှင့်တင်ထားသည်။ မြောက်ကိုရီးယားနိုင်ငံသည် လောလောဆယ် ဒုံးပျံနည်းပညာ ရရှိထားပြီး နျူကလီးယားလည်း ပိုင်ဆိုင်ထားကြောင်း၊ တတိယအကြိမ်မြောက် မြေအောက်နျူကလီးယား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းနျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် အမေရိကန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် ဂျပန်တို့အပါအ၀င် နိုင်ငံအများစုက စိုးရိမ်ပူပန်ခဲ့ကြသည်။
(ပရက်စ်တီဗွီ)
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment