Thursday, March 21, 2013

ကမ္ဘာအေးဘုရားလမ်းပေါ်တွင် အမေရိကန်ဒေါ်လာသန်း(၃၀၀) ကုန်ကျမည့် ဟိုတယ်နှင့် စီးပွားရေးအဆောက်အဦစီမံကိန်းကို ဗီယက်နမ်က အကောင်အထည်ဖော်သွားမည်…

Ever November | 3/21/2013 03:21:00 PM | Best Blogger Tips

ကမ္ဘာအေးဘုရားလမ်းပေါ်တွင်အမေရိကန်ဒေါ်လာသန်း(၃၀၀)ကုန်ကျမည့်ဟိုတယ်နဲ့စီးပွားရေးအဆောက်အ
ဦးစီမံကိန်းကို ဗီယက်နမ်က အကောင်အထည်ဖော်သွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနကသိရပါတယ်။

အဆိုပါစီမံကိန်းအတွက်မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေ စည်းမျဉ်းများနှင့်အညီအဆင့်ဆင့်တင်ပြခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာနနှင့် ဗီယက်နမ်နိုင်ငံမှကုမ္ပဏီ တစ်ခုတို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်(၂၀၁၂)ခုနှစ် ၊နိုဝင်ဘာလ(၃၀)ရက်နေ့ရက်စွဲပါ (၅၂၅/၂၀၁၂)နှင့် ရန်ကုန်မြို့၊အမှတ်(၁၉၂)ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု (၁)လမ်းထောင့်၊ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာနရုံးဟောင်းနေ ရာရှိ မြေဧရိယာ(၁၈.၁၃၁)ဧက တွင် နိုင်ငံ တကာအဆင့်မီဟိုတယ်နှင့် စီးပွားရေးအဆောက်အဦးများဆောက်လုပ်ရန် (၂၀၁၂)ခုနှစ်၊ဒီဇင်ဘာလ(၁၈)ရက်နေ့တွင်B.O.Tcontract နှင့်leaseAgreement နှစ်ဖက်သဘောတူစာချုပ်
ချုပ်ဆိုပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်နေသည် ။

၎င်းစီမံကိန်းကို ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမေရိကန်ဒေါ်လာသန်း(၃၀၀)ရင်းနှီးမြှုပ်နှံပြီးအခန်း(၄၁၄)ခန်းပါ Five Star ဟိုတယ်နှင့် အခန်း(၅၈၅)ခန်းပါCommercial Centre နဲ့ Office Building No(1) ကိုပထမအဆင့်အနေ
ဖြင့် (၂၀၁၆)ခုနှစ်၊ဇွန်လနောက်ဆုံး ထားဖွင့်လှစ်မည်ဖြစ်ပြီး၊အခန်း(၃၅၄)ခန်းပါ Office Building No(2) နဲ့(၂၃၉၆)ယူနစ်ပါ Service Apartments(၄)လုံးကိုဒုတိယအဆင့် အနေနှင့် (၂၀၁၉)ခုနှစ် ၊ဇွန်လနောက် ဆုံးထားပြီး ဖွင့်လှစ်ရန် ကာလသတ်မှတ်ပြီးဆောင်ရွက်နေသည်။

အိမ်နီးချင်း ဗီယက်နမ်နိုင်ငံရှိ Hoang Anh Gia Lai Myanmar Co., Ltd သည်ဟိုတယ်နှင့် စီးပွားရေး အဆောက်အဦများကိုဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး ပထမဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်ကြောင်း သိရသည်။

SkyNet TV Browser

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1