Thursday, March 21, 2013

အင်ဒိုနီးရှား၌ လိုကွန်မီးတောင် ပေါက်ကွဲ

Ever November | 3/21/2013 03:04:00 PM | Best Blogger Tips

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မြောက်ဆူလာဝေဆီ ဒေသရှိ လိုကွန် မီးတောင်သည် မတ် ၂ဝ ရက်က ပေါက်ကွဲရာ အမြင့်မီတာ ၂ဝဝဝ အထိ ပြာမှုန်များကို မှုတ်ထုတ်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ မတ် ၂ဝ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၇ မိနစ်တွင် မီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တောင်စောင်းတစ်လျှောက် ချော်ရည်များ စီးဆင်းလာခဲ့ကြောင်း မီးတောင်လေ့လာရေး ဌာနအကြီးအကဲ ခရစ္စတီယာနိုက ပြောကြားသည်။ မီးတောင်ထိပ်ဝမှ ၂ ဒသမ ၅ ကီလိုမီတာ ပတ်လည် အကွာအဝေးအတွင်း နယ်မြေသို့ ကမ္ဘာလှည့် ခရီးသည်များနှင့် ဒေသခံများ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားသည်။ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားသော်လည်း ဒေသခံပြည်သူများအား ရွှေ့ပြောင်းပေးရခြင်း မရှိကြောင်း ခရစ္စတီယာနိုက ပြောကြားသည်။ လိုကွန်မီးတောင်သည် ၂ဝ၁၁ ခုနှစ် ဇွန်လကုန်မှစ၍ မီးတောင်ဆိုင်ရာ လှုပ်ရှားမှု စတင်ခဲ့သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1