Thursday, March 7, 2013

ဒီချုပ်ကိုယ်စားလှယ် ဦးဇေယျာသော် အသည်းရောင် အသားဝါ( စီပိုး) ရောက်ဂါဖြစ်နေ

Ever November | 3/07/2013 12:35:00 PM | Best Blogger Tips

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော် (ခ)ဦးဖြိုးဇေယျာသော်သည် ကျန်းမာရေးကြောင့် ယခုကျင်းပ နေသော ပထမအကြိမ် ဆဋ္ဌမပုံမှန် လွှတ်တော်အစည်းအဝေးမှ အနားယူထားရကြောင်း သိရသည်။

''ကျန်းမာရေးကြောင့် အနားယူထားတာပါ။ စီပိုး နည်းနည်းများလာ တဲ့အတွက် ကြောင့်ပါ။ ကြီးကြီးမားမား တော့ မရှိပါဘူး၊ နားနား နေနေနဲ့ အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ'' ဟု ဦးဇေယျာသော်ကပြောသည်။


မတ်လ ၄ ရက်နေ့ လွှတ်တော်အစည်းအဝေးမှ စ၍ယခုလွှတ်တော် ပြီးဆုံး သည် အထိခွင့်ယူခဲ့ပြီး နေပြည် တော်မှ ရန်ကုန်သို့ ပြန် လည် ရောက် ရှိနေပြီ ဖြစ်သည်။

''ကျွန်တော် ဒီနေ့ပဲ ကိုယ်တိုင် ခွင့်တင်ပေးလိုက် တာပါ။ ဆေးသွင်းပြီး နား ချိန်လေး နည်းနည်းပေးရမှာ ပါ။ ဆေးဒဏ်ကြောင့်အသည်း ကိုနည်းနည်း ထိတဲ့ သဘော ရှိပါတယ်။ အလုပ်တွေ နား ထားရမဲ့သဘောပါ။ တရား ဝင်ခွင့်ဖြစ်ပါတယ်''ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က ပြောသည်။

၎င်းသည် ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည် တော် ပုဗ္ဗသီရိမြို့နယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်အရွေးချယ် ခံခဲ့ပြီး ၄င်း၏မဲဆန္ဒနယ်မြေ တွင် လူငယ်များ အလုပ် အကိုင်ရရှိရေးနှင့် ပညာရေး ကိစ္စများကို ဆောင်ရွက်လျက် ရှိသည်။

popular

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1