Thursday, March 7, 2013

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း၌ မိုးသည်းထန်ပြီးရေလွှမ်း၊ ရှစ်ဦးသေဆုံး

Ever November | 3/07/2013 11:21:00 AM | Best Blogger Tips

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်းတွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ကလေးငယ်တစ်ဦး အပါအ၀င် ရှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများ၏ ပြောကြားချက်ကို မတ် ၄ ရက်က ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။ အဆိုပါ ရေလွှမ်းမှုသည် အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း ဂွါယာ့စ်ပြည်နယ် ကမ်းခြေတွင် ဖြစ်ပွားခဲ့ပြီး ရေလွှမ်းမှုအကျိုးဆက်ကြောင့် ယင်းနေရာတွင် ရှစ်ဦးမှာ ကံမကောင်းအကြောင်းမလှစွာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဗီဗီယာနာဘွန်နီလာက မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။ သေဆုံးသူ ရှစ်ဦးအနက် ခြောက်ဦးမှာ ရေလွှမ်းမှုဖြစ်ပွားစဉ် ဓာတ်လိုက်ပြီး သေဆုံးခဲ့ကြောင်း၊ ကလေးငယ်တစ်ဦးမှာ ရေနစ်သေဆုံးပြီး အခြားတစ်ဦးမှာ ရေနောက်မျောပါ သေဆုံးသွားခြင်းဖြစ်သည်ဟု ယူဆရကြောင်း ဘွန်နီလာက ဆက်လက်ပြောကြားသည်။ ယင်းဒေသများတွင် မိုးများသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် သေဆုံးသူ အရေအတွက်မှာလည်း တိုးမြင့်လာနိုင်ကြောင်း ဒေသဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1