Thursday, March 7, 2013

အနောက်ဘက်ကမ်းမှ အစ္စရေးတို့ ရုပ်သိမ်းရန် အိုဘားမားက အချိန်ဇယား တောင်းဆိုမည်

Ever November | 3/07/2013 11:45:00 AM | Best Blogger Tips

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ယခုလကုန်ပိုင်းတွင် အစ္စရေးသို့ သွားရောက် လည်ပတ်စဉ်အတွင်း သိမ်းပိုက်ထားသော အနောက်ဘက် ကမ်းဒေသမှ အစ္စရေးတို့ ရုပ်သိမ်းပေးနိုင်မည့် အချိန်ဇယားတစ်ခုကို တောင်းဆိုလိမ့်မည်ဖြစ်ကြောင်း မတ် ၄ ရက်က ပရက်စ်တီဗွီ သတင်းတွင် ဖော်ပြသည်။ သမ္မတအိုဘားမားသည် ယခုလကုန်ပိုင်း အစ္စရေးသို့ သွားရောက်သည့်အခါ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံလျက် အထက်ပါကိစ္စကို ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လို အစ္စရေးအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် သည်ဝါးထရိုဘန်း သတင်းစာက မတ် ၄ ရက်တွင် ဖော်ပြသည်။ အစ္စရေးတို့၏ ရုပ်သိမ်းပေးရေး အစီအစဉ်ည် ၂၀၁၄ ခုနှစ်တွင် အနောက်ဘက် ကမ်းဒေသ၌ ပါလက်စတိုင်းနိုင်ငံ ဖွဲ့စည်းထူထောင်ရန် အမေရိကန်တို့၏ တွန်းအားပေးမှု အစိတ်အပိုင်းဖြစ်လိမ့်မည်ဟုလည်း သတင်းတွင် ဖော်ပြသည်။ အစ္စရေးတို့က အနောက်ဘက်ကမ်းဒေသနှင့် အရှေ့ဂျေရုဆလင်တို့ကို ၁၉၆၇ ခုနှစ်ကတည်းက သိမ်းပိုက်ခဲ့ပြီး လူပေါင်း သန်းဝက်ကျော် နေထိုင်လျက်ရှိသည်။  
(ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1