၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာ ခွင့်ပုံစံ (က) (D-Form) ပြုလုပ်ရခြင်း ကို ဧပြီလ တွင် ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနပြည်ထောင်စု ဝန်ကြီးဦးခင်ရီ က ပြောသည်။ အစိုးရစ ရိတ်ဖြင့်ပြည်ပ ထွက်ခွာသူ မှလွဲ၍ မည်သည့် ခရီးသည်မဆို မှတ်ပုံတင် အရာရှိထံ စာဖြင့် ပုံစံ(က)(D-Form) ကိုရယူ၍ ပြည်ပသို့ ထွက်ခွာရ မည်ဟု ၁၉၄၈ ခု နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသားများ မှတ်ပုံတင်နည်း ဥပဒေပုဒ်မ ၁၅/၆ ကို ပယ်ဖျက်ခြင်းဖြစ်သည်။ " (D-Form) လုပ်ရတာက ဘဏ်မှာချလံသွားသွင်း ရုံနဲ့တင် မပြီးသေးဘူး။
... အင်တာနက်ကလည်း ဖောင်ဖြည့် ရသေးတယ်။ တစ်ခါတလေ ကော်နက်ရှင် မကောင်း
ရင် တော်တော်ဒုက္ခရောက်တာ။ ခုလိုဖြေ လျှော့ပေး လိုက်တော့ အရမ်းကောင်း
သွားပြီပေါ့''ဟုပြည်ပခ ရီးသွားတစ်ဦးက ပြောသည်။ပြည်ပထွက်ခွာကြမည့် သူများအပေါ် အစိုးရအဖွဲ့၏ ဖြေလျှော့မှုတစ်ခုဖြစ် သည်ဟု ဝန်ကြီးက ဆိုသည် ။
''တိုင်းရင်းသား လုပ်သားပြည်သူတွေ အလုပ်ရှုပ်သက်သာသွား တာပေါ့ဗျာ။
မဟုတ်ရင် ပြည်ပသွားတိုင်း (D-Form) ကိုလုပ်နေရ တယ်။ အခုတော့ဒါတွေလုပ်စရာ
မလိုတော့ဘူး။အစိုးရသစ်ရဲ့မူဝါဒ ဖြစ်တဲ့ People Centre ကို ဝိုင်း
အကောင်အထည် ဖော်သွားကြမှာပါ''ဟု ဝန်ကြီးဌာန တာဝန်ရှိသူက လည်းပြောသည်။
ဧပြီလတွင် (D-Form) စနစ်ပယ်ဖျက်ရာ တွင် မြန်မာပြည်
ရောက်နိုင်ငံခြားသားများပါ ပြည်ပသို့ ပြန်လည်ထွက်ခွာပါက (D-Form)
ရယူစရာလိုတော့မည် မဟုတ်ဟု သိရသည်။ ယခင်ကရောက်ရှိသည့်
ကာလတစ်လအတွင်းမှလွဲလျှင် တစ်လကျော်ပါက (D-Form) ကို ရယူပြီးမှသာ
ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ သည်။
ပုံစံ(က) (D-Form) ပြုလုပ်ရာ တွင် အစိုးရဘဏ်သို့ ငွေကျပ် ၂ဝဝ
သာထွက်ခွာသူက ပေးသွင်းရသော်လည်း ပြင်ပတွင် အွန်လိုင်းဝန်ဆောင်မှုကြောင့်
ဆောင်ရွက်ပေးသူကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ ပြည်ပထွက်ခွာမည့်သူက
ပေးဆောင်ခဲ့ရသည်။နိုင်ငံခြားသားများ မှတ်ပုံတင် နည်းဥပဒေပုဒ်မ ၁၅/၆မှာ ၁၉၄၉
ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီးပြည်ပသို့ ပုံစံ(က) (D-Form)
ရယူ၍ထွက်ခွာသည့် စနစ်ကို ၁၉၅၈ခုနှစ်ဇန်နဝါရီ ၁ ရက် နေ့တွင်
စတင်ကျင့်သုံးခဲ့သည်။
Popular Journal
No comments:
Post a Comment