Thursday, April 4, 2013

မာလာဂါနှင့်ပွဲ ရလဒ်အား စိတ်ပျက်နေသည့် ဂေါ့ဇီ

Ever November | 4/04/2013 11:15:00 PM | Best Blogger Tips

ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် မာလာဂါနှင့် ဂိုးမရှိ သရေ ကျခဲ့ရာတွင် မိမိ၏ အခွင့်အရေး လွဲချော်မှုများကို စိတ်ပျက်မိကြောင်း ဘိုရပ်ရှားဒေါ့တ်မန် အသင်းမှ မာရီယို ဂေါ့ဇီက ဝန်ခံခဲ့သည်။
ဂျာမန် လက်ရွေးစင် လူငယ် တိုက်စစ်သမားလေးသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် စပိန်ကလပ် မာလာဂါ၏ အိမ်ကွင်း လာရိုဆယ်လီဒါတွင် ယှဉ်ပြိုင်ရာ၌ ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း ဂိုးပေါက် မတွေ့ခဲ့ချေ။ ဂျာမန် ချန်ပီယံ အသင်းသည် အဝေးကွင်းတွင် အရေးနိမ့်ခဲ့မှု မရှိသော်လည်း အသက်(၂၀)အရွယ် ဂေါ့ဇီက အဆုံးသတ်ပိုင်း ပိုမိုအားကောင်းပါက ယင်းရလဒ်ထက် ပိုမို လှပခဲ့မည်ဟု သုံးသပ်ခဲ့သည်။ မာလာဂါ အနေဖြင့်လည်း အိမ်ကွင်း ပေးဂိုး မရှိခြင်းကြောင့် မျှော်လင့်ချက် အားကောင်းနေဆဲ ဖြစ်သည်။
ဂိုးသမား ဝီလီ ကာဘယ်လာရိုနှင့် တစ်ယောက်ချင်း နှစ်ကြိမ်တွေ့ဆုံခွင့် ရခဲ့သော်လည်း ဂိုးမရခဲ့သော ဂေါ့ဇီက "ကျွန်တော် အသင်းကို မကူညီနိုင်ခဲ့ဘူးလို့ ခံစားမိပါတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ အသင်းဟာ ခုလို အခြေအနေမှာ အနည်းဆုံး တစ်ဂိုးလောက်တော့ သွင်းနိုင်ခဲ့သင့်တယ်"ဟု ဂေါ့ဇီက ဆိုသည်။ ၎င်းက "ကျွန်တော့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာကတော့ ရှက်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် ရလဒ် အပိုင်းမှာတော့ ကျွန်တော်တို့ ကျေနပ်သင့်တဲ့ အခြေအနေ ရှိနေဆဲပါ။ အိမ်ကွင်းမှာ ကျွန်တော်တို့ အခွင့်အလမ်း ကောင်းမယ်လို့ ယုံကြည်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။  
Ref:Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1