Thursday, April 4, 2013

အလန်းဆုံး ဒီဇိုင်းများနှင့် ထူးခြားသော ရေပန်းများ ပါဝင်မည့် သင်္ကြန်ပွဲတော် မြန်မာနှင့် ထိုင်းကုမ္ပဏီ ပူးပေါင်းကျင်းပ နွှဲပျော်မည်

Ever November | 4/04/2013 10:40:00 PM | Best Blogger Tips

မြန်မာနိုင်ငံမှ Forever Group နှင့် ထိုင်းနိုင်ငံမှ Index Creative Village တို့ ပူးပေါင်း၍ ထူးခြားသည့် ထာဝရသင်္ကြန် ၂၀၁၃ ပွဲတော်ကြီးကို မြန်မာ့ယဉ်ကျေးမှုများနှင့်အညီ ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ပထမဆုံး ကျင်းပ သွားမည် ဖြစ်ကြောင်း၂၈-၃-၂၀၁၃ ရက်က သိရသည်။ ထိုင်းနိုင်ငံ Index Creative Village မှ သင်္ကြန်ပွဲ ဖြစ်မြောက်ရေး အတွက် စီစဉ် သူတစ်ဦးဖြစ်သည့် Mr. Narindej Thaveesangpanich က “အခုပွဲကို သင်္ကြန်ပွဲတော်တစ်ခါမှ ပါဝင်ဆင်နွှဲဖူးခြင်းမရှိသေးတဲ့ သူတစ်ယောက်လို ပျော်ရွှင်မှုအသစ်ကိုပေးမယ့် ထူးခြားတဲ့ ပွဲတော်ကြီးအဖြစ်ဖန်တီးထားပါတယ်။ ဒါ့ပြင် ပျော်ပွဲရွှင်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ တင် ဆက်သွားမှာ ဖြစ်ပြီး ထူးခြားတဲ့အစီအစဉ်တွေ၊ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ ဆုမဲတွေကို ဆွတ်ခူးနိုင် မယ့် အစီအစဉ်တွေလည်းပါပါတယ်။ ဒီပွဲကိုလာတဲ့သူက ကျွန်းလေးတစ်ကျွန်းကို ရောက်သွားသလို ခံစား ရမှာ ဖြစ်တယ်” ဟု ပြောကြားသည်။

Forever Blossom Entertainment မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းသူရလှိုင်က “ရေကစား မဏ္ဍပ် မှာတော့ သတ်မှတ်ခ မကောက်ပါဘူး။ ဖျော်ဖြေရေး မဏ္ဍပ်တွေမှာ သီဆိုဖျော်ဖြေဖို့လည်း ပါတယ်။ အစီအစဉ်တွေကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန် ဓလေ့ မပျောက်အောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်။ လုံခြုံရေးကိုအသေးစိတ် ပြင်ဆင် ရေးဆွဲထားတယ်။ Eagle က လုံခြုံရေး ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးစီမံချက်တွေ လုပ်ထားတယ်” ဟု ပြောကြားသည်။ အဆိုပါ ပွဲတော်ကြီးတွင် ဇုန်ကြီးငါးခုပါရှိမည်ဖြစ်ပြီး အလန်းဆုံးဒီဇိုင်းများနှင့် ထူးခြားသော ရေပန်းကြီးများ ပါဝင် သည့် ရေကစားမဏ္ဍပ်၊ Foam Party၊ နိုင်ငံခြားမှ တင်သွင်းထားသော ဂိမ်းကစားရင်း ဆုမဲများကို ဆွတ်ခူးနိုင်မည့် မဟာသင်္ကြန် ကစားကွင်းကြီး၊ ပျော်ပါးကခုန်ပြီး ဆာလောင် မောပန်းနေသူများအတွက် စားသောက်ဆိုင်တန်းများနှင့် နားနေစရာ နေရာများ၊ Forever Thank You Concert ဂီတဖျော်ဖြေပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထာဝရသင်္ကြန်ပွဲကို MRTV-4 နှင့် Channel 7 တို့မှ နေ့စဉ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး မန္တလေး FM၊ ပဉ္စဝတီ FM တို့မှလည်း ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ကြိုတင်လက်မှတ်များကို www.myasiaticket.com, 1876 call center နှင့် MRTV-4 Showrooms များတွင် ဧပြီ ၂ ရက်မှ ၁၄ ရက်ထိ ဝယ်ယူနိုင်ပြီး ပွဲနေ့တွင်လည်း မိုင်ဒါကွင်းတွင် လက်မှတ်ကောင်တာများ ထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပုံမှန်လက်မှတ် (ကစားနည်း ရှစ်မျိုးပါဝင်) ကို တစ်ရက်လျှင် ကျပ်တစ်သောင်း၊ ကစားကွင်း ဝင်ခွင့်လက်မှတ်ကို တစ်ရက်လျှင်၂၀၀၀ ကျပ်နှင့် ဂိမ်းလက်မှတ်ကို တစ်စောင်လျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မဟာသင်္ကြန် ကစားကွင်းကြီးကို ဧပြီလ ၁၉ ရက်အထိ ဖွင့်လှစ်ပေးထားမည် ဖြစ်ကြောင်း သိရသည်။
yatanarpon

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1