Thursday, April 4, 2013

ဒါဘီပွဲစဉ် အတွက် လူရွေးရန် ခက်ခဲနေသည်ဟု ဆာအဲလက်စ် ပြောကြား

Ever November | 4/04/2013 11:10:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က မန်ချက်စတာ ဒါဘီပွဲစဉ်အတွက် ပထမ(၁၁)ယောက် ရွေးချယ်ရန် ခက်ခဲနေကြောင်း ဝန်ခံ ပြောကြားလိုက်သည်။
၎င်းက ယခုရာသီ မန်ယူ အသင်း၏ အမှတ်ပေး ချန်ပီယံ ပြေးလမ်းတွင် အဓိက စိန်ခေါ်သူအဖြစ် ရပ်တည်နေသည့် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနှင့် ပွဲစဉ်တွင် အသင်းသားတိုင်းက ပါဝင်ကစားရန် တက်ကြွ ထက်သန်နေကြောင်း ဖွင့်ဟခဲ့သည်။ မန်ယူသည် ၎င်းတို့ (၁၅)မှတ်ဖြတ်ကာ ဦးဆောင်နေသော မန်စီးတီး အသင်းကို တနင်္လာနေ့ ညပိုင်းတွင် အိုးလ်ထရက်ဖို့ဒ်၌ လက်ခံ ကစားသွားမည် ဖြစ်သည်။ ယင်းပွဲစဉ်အတွက် မန်ယူအသင်း၌ ကစားသမား အားလုံးက အခွင့်အရေးရရန် ငံ့လင့်နေကြောင်း ဖာဂူဆန်က ပြောဆိုသွားသည်။


"ဒါဘီပွဲစဉ်တွေမှာ ကစားသမားအားလုံးက ဝင်ပါချင်ကြတာ မဆန်းပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ မန်ချက်စတာ ဒါဘီပွဲစဉ်တွေဟာ သိပ်အရေးပါတဲ့ အဆင့်မှာ မရှိခဲ့ဘူး။ ဒါပေမဲ့ ခုချိန်မှာတော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ ချန်ပီယံပြိုင်ဘက် ဖြစ်လာပြီ။ ကျွန်တော်တို့ အနေနဲ့ ရမှတ်ကွာဟမှုကို ပိုကြီးမားအောင် ကြိုးစားဖို့ လိုပါတယ်။ ဒီပွဲကို အကောင်းဆုံး ထိန်းချုပ် ကစားသွားဖို့လည်း ကြိုးစားရမှာပါ"ဟု ဖာဂူဆန်က ဆိုသည်။ ၎င်းအနေဖြင့် အဓိက အခက်ခဲဆုံး အပိုင်းမှာ တိုက်စစ်မှူး (၄)ဦးအနက် မည်သည့်အတွဲကို ပွဲထုတ်ရန် ရွေးချယ်ရမည် ဆိုခြင်းပင် ဖြစ်ကြောင်းလည်း ဖာဂူဆန်က ဝန်ခံခဲ့သည်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ မန်ချက်စတာ ဒါဘီပွဲစဉ်တွေဟာ သိပ်အရေးပါတဲ့ အဆင့်မှာ မရှိခဲ့ဘူး။ ဒါပေမဲ့ ခုချိန်မှာတော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ ချန်ပီယံပြိုင်ဘက် ဖြစ်လာပြီ...
"ဝိန်းရွန်နီကို ကျွန်တော် လုံးဝ မစိုးရိမ်ဘူး။ သူက ပွဲမှာ ဝင်ကစားနိုင်ဖို့ပဲ အရေးကြီးတာ။ ဂိုးမသွင်းနိုင်ရင်လည်း ပြဿနာ မရှိလှဘူး။ သူက စွယ်စုံရ ကစားသမား တစ်ယောက်လေ။ ရော်ဘင်ဗန်ပါစီရဲ့ အနေအထားကိုတော့ စောင့်ကြည့်ရပါမယ်။ သူ့ရာသီနှောင်း ဖြတ်သန်းမှုက သိပ်အားရစရာ မရှိသေးဘူး။ သူဟာ မနှစ်က အာဆင်နယ်မှာ ခုလိုအချိန်မျိုးဆို အကောင်းဆုံး ဖြစ်နေခဲ့တယ် ထင်တယ်။ ဒန်နီဝဲလ်ဘက်ကို ကြည့်ရတာတော့ အခြေအနေ ကောင်းတယ်။ ဟာဗီးယား ဟာနန်ဒက်ဇ်လည်း တူတူပါပဲ"ဟု ဖာဂူဆန်က မှတ်ချက်ပြုသွားသည်။
Ref:skysport
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1