Thursday, April 4, 2013

ကီဆောင် စက်မှုဇုန်မှ တောင်ကိုရီးယား အလုပ်သမားများအား မြောက်ကိုရီးယားက ပိတ်ဆို့ထား

Ever November | 4/04/2013 11:06:00 PM | Best Blogger Tips

တင်းမာမှုများ ပိုမိုအရှိန်မြှင့်ရန် လုပ်ဆောင်မှုအနေဖြင့် မြောက်ကိုရီးယားက နှစ်နိုင်ငံ ပူးပေါင်းစက်မှုဇုန်အတွင်းသို့ တောင်ကိုရီးယား အလုပ်သမားများ ၀င်ရောက်မှုကို တားဆီးပိတ်ဆို့လျက်ရှိကြောင်း ဧပြီ ၃ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ အဆိုပါ အလုပ်သမားများကို နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သည့် ကီဆောင်စက်မှုဇုန် အ၀န်းအတွင်းမှ ထွက်ခွာခွင့်ပြုထားကြောင်း၊ သို့သော်လည်း တောင်ကိုရီးယားမှ အလုပ်သမားများကို ယင်းစက်မှုဇုန်အတွင်း ဖြတ်သန်းခွင့် မပြုကြောင်း တောင်ကိုရီးယား ပေါင်းစည်းရေး ၀န်ကြီးဌာနက အတည်ပြုပေးခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံအတွက် ငွေရရှိအောင် လုပ်ဆောင်ပေးနေသည့် ကီဆောင်စက်မှုဇုန်သည် ကိုရီးယားနိုင်ငံ အချင်းချင်း ဆက်ဆံရေးကို အဓိကမြှင့်တင်ပေးမှုတစ်ရပ်အနေဖြင့် ရှုမြင်ရသည်။ မြောက်ကိုရီးယား၏ မကြာသေးမီက ခြိမ်းခြောက်မှုများကို လက်မခံနိုင်ဟု အမေရိကန်က ပြောကြားခဲ့ပြီးနောက် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ စက်မှုဇုန်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိသည်။ အဆိုပါနေရာတွင် မြောက်ကိုရီးယားနိုင်ငံသား ၅၀၀၀၀ ကျော် လုပ်လုပ်နေပြီး ယင်းစက်မှုဇုန်ကို ဖြတ်သန်းရန် နေ့စဉ်နှင့်အမျှ ခွင့်ပြုချက်တောင်းခံနေသူ တောင်ကိုရီးယား မန်နေဂျာပေါင်း ရာနှင့်ချီ ရှိနေကြသည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1